Tuesday, July 19, 2016

ဗျာဒိတ်ကျမ်းသခင်ခန်းစာ (၂၄)


                                                         
 ၁။ယုံကြည်ခြင်းတရားနှင့် ဖြောင့်မတ်ခြင်းကျွန်ပ်တို့အဘယ်သို့ရှိသနည်း
 ယေရှုခရစ်ကို ယုံကြည်ခြင်း အားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဘို့ဖြစ်၍၊ ထိုသူအပေါင်းတို့အပေါ်သို့
 ရောက်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားသည်ထင်ရှားခဲ့ပြီ။ ခြားနားခြင်း အလျှင်းမရှိ။
 ရောမသြဝါဒစာ ၃း၂၂
အဖြေ။နှင်မှချက်။၁ ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်၊၂။ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည်ထင်ရှားခဲ့ပြီ။
၂။အဘယ်သူအသင့်အား ကယ်တင်ခြင်းတရားပေးနိုင်သနည်း
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ ရောက်ရ၏။ကိုယ်အလိုအလျာက်ရောက်သည်မဟုတ်။
ဘုရားသခင်သနားတော်မူရာ ဖြစ်သတည်း။ကိုယ်ကုသိုလ်ကြောင့်ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။
သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။ ဧဖက်သြဝါဒစာ အခန်းကြီး ၂း ၈-၉
မှတ်ချက်။အမေးနှင့် အဖြေ။ကျွန်ပ်ကျမ်းစာအတိုင်းဖြေသွားမှာဖြစ်တယ်
၁။(အမေး)ဘာကြောင့်ကယ်တင်ခြင်းရောက်ရှိလဲ
အဖြေ၊ ယုံကြည်သောအားဖြင့်
၂။(အမေး)မပညတ်တော်စောင့်လို့လား
 အဖြေ၊ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။
၃။(အမေး)ကိုယ်အလိုလျှောက်ရောက်တာလား
အဖြေ၊ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။
၎။(အမေး)ကိုယ်ကုသိုလ်ကောင်းမှုကြောင့်ကယ်တင်ခြင်းသို့ရောက်တာလား 
အဖြေ၊ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။
၃။ကျွန်ပ်တို့ ပညတ်တရားများစောင့်လို့ ဖြောင့်မတ်ရာသို့ရောက်ရှိသလား
 ယေရှုခရစ်ရွေး နှုတ်တော်မူသောအားဖြင့်အဘိုးကိုမပေးဘဲဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။
ဘုရားသခင်သည် သည်းခံတော်မူ၍၊ ရောမသြဝါဒစာ ၃း ၂၄-၂၅
မှတ်ချက်နှင့် အဖြေတွဲထားပေးလိုက်မယ် သမ္မာကျမ်းအတိုင်ဘဲပြန်ဖြေပေးခဲ့ချင်ပါတယ်
၁။အမေး။ကျွန်ပ်အဖိုးအခါ ပေးလို့ ရွေးနတ်ခြင်းခရလား
အဖြေ၊ ယေရှုခရစ်ရွေး နှုတ်တော်မူသောအားဖြင့် အဘိုးကိုမပေးဘဲ
၂။အမေး။ပညတ်တရားစောင့်လို့ ဖြောင့်မတ်ရာသို့ရောက်ရှိလား
အဖြေ။ကျးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။ဘုရားသခင်သည် သည်းခံတော်မူ၍၊
 ၄။ကျွန်ပ်တို့ ဖြောင့်ခြင်း တရား၌ ကျွန်ပ်တို့အပြစ်ကိုလွှတ်စေခြင်းငှါဘာလုပ်ရမှာလဲ
 ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင် သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။
 ရှင်ယောဟန်သြဝါဒစာပဌမစောင် ၁း၉
မှတ်ချက်နှင့် အမေး အဖြေ။
၁။မမေး။ကျွန်ပ်တို့ ဖြောင့်ခြင်းသို့ရောက်အောင်ဘာလုပ်မှာလဲ
အဖြေ။ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊
၂။အမေး။ကျွန်ပ်တို့ ဒုစရိက်လုပ်မိပြီ ဘာဆက်လုပ်မှာလဲ
အဖြေ။ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းငှါဘုရားသခင်သည်သစ္စာတရားနှင့်၎င်း၊
 ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။
၃။အမေး။ ကိုအပြစ်ကိုဘော်ပြတောင်းပန်ပြီလား အခုခေတ်ခရစ်ယာန်တရားဟောဆရာကြီးများ
အဖြေ။ နိုး
အမေး။ဘုရားသခင်အပေါ်၌ သစ္စာတရားရှိပြီးလား
အဖြေ။ တချို့တရားဟောကြီးများ လုံးမရှိဘာဘူး သေသွားတိုင်အောင်
အမေး။ဘုရားသခင်၏ တရားစီရင်ခြင်း၌ ဝန်ခံရဲပြီလား
အဖြေ။ မသေခြားသေးပါဘူး ရောမအသင်းတော်နောက်လိုက်လို့ကောင်းနေစဲပါ
 ၅။ကျွန်ပ်အဘယ်သို့အားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်နိုင်မည်သနည်း
 ယေရှုက၊ဒုတိယမွေးခြင်းကိုမခံသောသူမည်သည်ကား၊ဘုရာသခင်၏နိုင်ငံတော်ကိုမမြင်ရဟုငါအမှန်အကန်
 ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် ၃း ၃
မှတ်ချက်။ နှင့် အမေး အဖြေတွဲထားတယ်
၁။အမေး။ဒုတိယမွေးဘွာခြင်းအမှန်တကယ်ရပြီလား
အဖြေ။သန့်ရှင်းသော ဝိညာဉ်တော်နှင့်မွေးဘွားပြီးပြီလား မသေခြားသေးပါဘူး
အမေး။ဖိလိပ္ပုက၊သင်သည်စိတ်နှလုံးအကြွင်းမဲ့ယုံကြည်လျှင်ခံရသည်ဟုဆိုလေ၏။အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏သားတော် ဖြစ်တော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊

ရထားကိုရပ်စေခြင်းငှါ စီရင်ပြီးမှ၊ ဖိလိပ္ပုသည် ထိုအမတ်နှင်တကွ ရေထဲသို့ဆင်း၍ ဗတ္တိဇံ ကိုပေး၏။
 ရေထဲကတက်ကြလျှင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကိုဆောင်ယူတော်မူ၍၊ အမတ်သည် ဖိလိပ္ပုကိုနောက်တဖန် မတွေ့မမြင်ရ၊ ဝမ်းမြောက်ဝမ်းသာ ခြင်းနှင့် မိမိသွားရသောလမ်းကို သွားလေ၏။
တမန်တော်ဝတ္ထု ၈း၃၇-၃၉
အဖြေ။လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍နည်းဥပဒေသပေးလျက်ပင်ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏ဟု နောက်ဖြစ် လတံ့သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီဟုပြန်၍မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်း ၁၅း၉
အမေး။သမ္မာကျမ်းစာအတိုင်းအသက်ရှင်နေပြီလား
အဖြေ။
 ၆။ကိုယ်ကို ဘုရားသခင်၌ ဘယ်သို့အပ်နံ၍သန့်ရှင်းသောသူကဲ့သို့ဘုရားဝတ်၌တည်နိုင်မည်သည်။
 ဘုရားသခင်၏အလိုတော်ဟူမူကား၊သင်တို့သည်မတရားသောမေထုန်ကိုကြဉ်ရှောင်၍သန့်ရှင်းစေခြင်းငှါ၎င်း၊
 ဘုရားသခင်ကိုမသိသောသာသနာပလူတို့သည်ကိလေသာတပ်မက်ခြင်းရှိသကဲ့သို့မရှိ၊သင်တို့အပေါင်းသည် 
သန့်ရှင်းခြင်း၊အသရေတင့်တယ်ခြင်းနှင့်မိမိကိုယ်ကိုမိမိထိန်းတတ်စေခြင်းငှါ၎င်း၊ဤအမှုအရာ၌လွန်ကျူး၍ညီအစ်
ကိုကိုပရိယာယ်အားဖြင့်မပြစ်မှားစေခြင်းငှါ၎င်း၊အလိုတော်ရှိ၏။ငါတို့သည်အထက်ကဟောပြော၍သစ္စာပေးနှင့်
သည်အတိုင်း၊သခင်ဘုရားသည်ထိုသို့သောပြစ်မှားခြင်းကိုခံသောသူအပေါင်းတို့ဘက်၌တရားစီရင်တော်မူလိမ့်မည်။
 ဘုရားသခင်သည်ညစ်ညူးစေခြင်းငှါငါတို့ကိုခေါ်တော်မူသည်မဟုတ်၊သန့်ရှင်းစေခြင်းငှါ ခေါ်တော်မူ၏။ထိုကြောင့်၊ ငါတို့ကို ငြင်းပယ်သောသူသည်လူကိုသာငြင်းပယ်သည်မဟုတ်၊ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို
ငါတို့အား ပေးတော်မူသောဘုရားသခင်ကို ငြင်းပယ်၏။ညီအစ်ကိုချင်းချစ်ခြင်းအရာကိုသင်တို့အား ရေး၍ပေး
လိုက်စရာအကြောင်းမရှိ။အဘယ်ကြောင့်နည်းဟူမူကား၊သင်တို့သည်အချင်းချင်းချစ်စေခြင်းငှါ၊ဘုရားသခင်ဆုံးမသွန်သင်
တော်မူသောသူ ဖြစ်ကြ၏။ထိုမျှမက၊မာကေဒေါနိပြည်မတွင်အရပ်ရပ်၌ရှိသောညီအစ်ကိုအပေါင်းတို့ကိုထိုသို့ပြုကြ၏။
သို့သော်လည်း၊ညီအစ်ကိုတို့၊သင်တို့သည်တိုးပွား၍ကြွယ်ဝပြည့်စုံမည်အကြောင်းနှင့်၊ ပြင်ပလူတို့ရှေ့၌ လျောက်
ပတ်စွာကျင့်၍အဘယ်သူမျှမလိုရအောင်၊ငါတို့သည်အထက်ကမှာထားသည်နှင့်အညီငြိမ်ဝပ်စွာနေ၍၊ကိုယ်အမှုကို
 ဆောင်ရွက်လျက်၊ကိုယ်လက်နှင့်လုပ်ဆောင်ခြင်းငှါ စေတနာစိတ်နှင့်ကြိုးစားအားထုတ်မည်အကြောင်းကို၊ငါတို့သည်
 တိုက်တွန်း သွေးဆောင်ကြ၏။ သက်သာလောနိတ်သြဝါဒစာပဌမစောင် ၄း၃း-
မှတ်ချက်။သမ္မာ၌ပျော်မွှေခြင်းမကောင်းသောလောကီ၌ ရှောင်ကြင်ခြင်းခရစ်ယာန်တယောက်၏၊အသက်တာ
အပြောအဆိုစင်ကြင်ခြင်းအကြိုးမဲ့သောစကားများရှောင်ကြင်ခြင်း၊သမ္မာတရား၌မှန်ကန်စွာတိုက်တွန်းသွေး
ဆောင်ခြင်းအရာတို့၌ စေတနာစိတ်နှင့် တရားဒေသနာများကိုမျှဝေးခြင်းတို့၌ တည်ရှိရမည်
၇။ကျွန်ပ်တို့၏အသက်တာ၌ယုံကြည်ခြင်းအားဘုရားသခင်၏သာတော်ကိုသိကျွမ်းခြင်းအရာ၌အဘယ်
သို့ပြုနိုင်မည်သနည်း
ငါတို့ရှိသမျှသည်ယုံကြည်ခြင်းသို့၎င်း၊ဘုရားသခင်၏သားတော်ကိုသိကျွမ်းခြင်းသို့၎င်း၊တညီတညွတ်တည်းရောက်၍
ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသောကြီးရင့်သောလူ၏အဖြစ်သို့  ရောက်ကြသည်တိုင်အောင် ဖြစ်
သတည်း။ ဧဖက်သြဝါဒစာ  ၄း၁၃။
မှတ်ချက်။ဘုရားသခင်၏သားတော်ကိုသိကျွမ်းခြင်းသို့၎င်း၊ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသော
 ကြီးရင့်သောလူ၏အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။မိမိကိုယ်ကိုမေတ္တာ၌တည်ဆောက်ခြင်းငှါ
 ကြီးပွားစေတတ်၏။ မှန်သောစကားကိုသာ အချင်းချင်းတယောက်နှင့်တယောက် ပြောကြလော့။
၈။ကိုယ်ကို သန့်ရှင်းသောသူ အဘယ်သို့နည်းအားဖြင့်ဖြစ်နိုင်မည်သနည်း
ကိုယ်တော်၏သမ္မာတရားအားဖြင့်သူတို့ကိုသန့်ရှင်းစေတော်မူပါ။ကိုယ်တော်၏နှုတ်ကပတ်သည်သမ္မာတရားဖြစ်ပါ၏။
ရှင်ယောဟန်ခရစ်ဝင် ၁၇း ၁၇
မှတ်ချက်။သမ္မာတရားအားဖြင့်သူတို့ကိုသန့်ရှင်းစေမည်အကြောင်းအကျွန်ုပ်သည်သူတို့အဘို့အလိုငှါကိုယ်ကိုသန့်
ရှင်းစေပါ၏။ကိုယ်တော်သည်အကျွန်ုပ်ကိုဤလောကသို့ စေလွှတ် တော်မူသည်နည်းတူ၊အကျွန်ုပ်သည်ဤသူတို့ကိုစေ
လွှတ်ပါ၏။
အထက်ကသင်တို့သည် မှောင်မိုက်ထဲမှာကျင့်သေတပ်မက်ခြင်းတရားကိုယခုမလိုက်မကျင့်ဘဲ၊နားထောင်တတ်သောသူ
ငယ်ကဲ့သို့ ဖြစ်၍၊သင်တို့ကိုခေါ်တော်မူသောသူသည်သန့်ရှင်းတော်မူသည်နည်းတူ၊ကျင့်ကြံပြုမူသမျှတို့၌သန့်ရှင်းခြင်း
ရှိကြလော့။အကြောင်းမူကား၊ငါသည်သန့်ရှင်းတော်မူသောကြောင့်သင်တို့သည်လည်းသန့်ရှင်းခြင်းရှိကြ လော့ဟု 
ကျမ်းစာလာသတည်း။ ရှင်ပေတရုသြဝါဒစာပဌမစောင် ၁း၁၄-၁၆
ဒုစရိုက်ကို ပြုသောသူမည်သည်ကား၊ပညတ်တော်ကိုလွန်ကျူး၏။ဒုစရိုက်သည်ကားပညတ်တော်ကိုလွန်ကျူးခြင်းဖြစ်
သတည်း။ ရှင်ယောဟန်သြဝါဒစာပဌမစောင်  ၃း ၎
၉။ကျွန်ပ်တို့သည် ဇာတိပကတိအားဖြင့်ပဘတ်တရား၌ အဘယ်သို့စုံလင်နိုင်ကြမနည်း
ဇာတိပကတိကြောင့်ပညတ်တရားသည်အားနည်း၍မတတ်နိုင်သောအမှုကိုဘုရားသခင်ပြုတော်မူခြင်းငှါ၊အပြစ်နှင့်
 ပြည့်စုံသောဇာတိပကတိ၏သဏ္ဌာန်ကိုဆောင်သောမိမိသားတော်ကို စေလွှတ် တော်မူ၍၊အပြစ်ဖြေဘို့ရာဇာတိပကတိ၌
အပြစ်ကိုဒဏ်ပေးတော်မူ၏။အကြောင်းမူးကား၊ဇာတိပကတိအတိုင်းမကျင့်၊ဝိညာဉ်ပကတိအတိုင်းကျင့်သောငါတို့သည်၊
တရား၌ပါသောပညတ်တို့ကို စောင့်ရှောက် မည်အကြောင်းတည်း။ ရောမသြဝါဒစာ  ၈း ၃-၎
ခမည်း တော်သည်သမ္မာတရားကိုပြသောဝိညာဉ်တော်တည်းဟူသောတပါးသောဥပဇ္ဈယ်ဆရာကိုသင်တို့နှင့်အတူ
အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။ ရှင်ယောဟန်ခရစ်ဝင် ၁၄း ၁၆
ငါသည်သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့လာဦးမည်။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄း ၁၈
ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈယ်ဆရာတည်း ဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသောစကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူမည်။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄း၂၆။
မှတ်ချက်။ဇာတိပကတိကြောင့်ပညတ်တရားသည်အားနည်း၍မတတ်နိုင်သောအမှုကိုဇာတိပကတိ၌အပြစ်ကို
ဒဏ်ပေးတော်မူ၏။ဝိညာဉ်ပကတိအတိုင်းကျင့်သောငါတို့သည်၊တရား၌ပါသောပညတ်တို့ကို စောင့်ရှောက်
မည်အကြောင်းတည်း။ဇာတိပကတိနှင့်စပ်ဆိုင်သောအရာတို့ကိုစွဲလမ်းသောစိတ်သဘောရှိကြ၏ဘုရားသခင်၏
 စိတ်တော်နှင့်မတွေ့နိုင်ကြ။ဘုရားသခင်၏ဝိညာဉ်တော်သည်သင်တို့အထဲ၌ကျိန်းဝပ်တော်မူလျှင်သင်တို့သည်
 ဇာတိပကတိဘက်၌ရှိကြသည်မဟုတ်။ဝိညာဉ်ပကတိဘက်၌ရှိကြ၏။ခရစ်တော်၏ဝိညာဉ်ကိုမရသောသူမည်
သည်ကားခရစ်တော်နှင့်မဆိုင်။
၁၀။ကျွန်ပ်တို့အား အဘယ်ပုံ

သဏ္ဍာန်ု ဘုရားသခင်ဖန်ဆင်းတော်မူခဲ့သနည်း။
ဘုရားသခင်၏သားတော်သည်အများသောညီတို့တွင်သားဦးဖြစ်တော်မူမည်အကြောင်း၊ဘုရားသခင်သည် ရှေ့မဆွေက
သိတော်မူသောသူတို့ကိုသားတော်၏ပုံသဏ္ဌာန်နှင့်တညီတည်းဖြစ်စေခြင်းငှါ ရှေ့မဆွကခွဲခန့်မှတ်သားတော်မူ၏။
ထိုသို့ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသောသူတို့ကိုလည်း ဖြောင့်မတ်ရာ၌တည်စေတော်မူ၏။ 
ထိုသို့တည်စေတော်မူသောသူတို့ကိုလည်းချီးမြှောက်တော်မူ၏။ ရောမသြဝါဒစာ အခန်းကြီး ၈

 တဖန်ဘုရားသခင်က၊ငါတို့ပုံသဏ္ဌာန်နှင့်တညီတသဏ္ဌာန်တည်းလူကိုဖန်ဆင်းကြစို့။သူသည်ပင်လယ်ငါးကို၎င်း၊
မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာတွားတတ်သောတိရ စ္ဆာန်အပေါင်းတို့ကို၎င်းအုပ်စိုးစေဟုအမိန့်တော်ရှိ၏။ထိုသို့ဘုရားသခင်သည်မိမိပုံသဏ္ဌာန်နှင့်အညီလူကိုဖန်ဆင်းတော်မူ၏။
 ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမ ကို ဖန်ဆင်းပြီးလျှင်၊ ကမ္ဘာဦးကျမ်း
 ၁း ၂၆-၂၇
သင်တို့အဘို့အလို့ငှါခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှေတ်တော်မူမည်အကြောင်း၊သင်တို့အပြစ်များကို ပြေစေခြင်း
ငှါ နောင်တရ၍စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ကမ္ဘာဦးမှစ၍သန့်ရှင်းသောပရောဖက်ဆရာတို့နှုတ်ဖြင့်ဘုရားသခင်ဗျာ
ဒိတ်ထားတော်မူသောထိုကပ်ကာလ၊အလုံးစုံသောအရာတို့ကိုအသစ်ပြုပြင်တော်မူသောကပ်ကာလမရောက်မှီ
တိုင်အောင် ကောင်းကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်။ တမန်တော်ဝတ္ထု၃း ၂၆-၂၇
မှတ်ချက်။. တဖန် ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့်တညီ တသဏ္ဌာန်တည်းလူကိုဖန်ဆင်းကြစို့။သူသည် ပင်လယ်ငါးကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ထိုသို့ ဘုရားသခင်သည် မိမိပုံ
သဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီလူယောက်ျား၊လူမိန်းမ ကိုဖန်ဆင်းပြီးလျှင်၊ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ပင်လယ်ငါးတို့ကို၎င်း၊မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊
အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်းအုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊သူတို့
ကို ကောင်းကြီးပေးတော်မူ၏။သင်တို့အဘို့အလို့ငှါခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှေတ်တော်မူ
မည်အကြောင်း၊ သင်တို့အပြစ်များကို ပြေစေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့
ကမ္ဘာဦးမှစ၍သန့်ရှင်းသောပရောဖက်ဆရာတို့နှုတ်ဖြင့်ဘုရားသခင်ဗျာဒိတ်ထားတော်မူသောထိုကပ်ကာလ၊ အလုံးစုံသောအရာတို့ကိုအသစ်ပြုပြင်တော်မူသော ကပ်ကာလမရောက်မှီတိုင်အောင် ကောင်းကင်ဘုံသည်
ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်။
 ၁၁။ကျွန်ပ်တို့သည်ဘုရားသခင်၏ ကယ်တင်တရား၌ မည်သို့သေဘေး လွှတ်မြောက်စေသနည်း
ထိုဘုရားသခင်သည် ငါတို့ကို ထိုမျှလောက်ကြီးစွာသော သေဘေးမှ ကယ်လွှတ်တော်မူပြီ။ ယခု၌လည်း ကယ်လွှတ်တော်မူသေး၏။ ကောရိ န္တု သြဝါဒစာဒုတိယစောင်  ၁း၁၀
သန့်ရှင်းသူ အရာ၌ခန့်ထားသောရောမ မြို့သူမြို့သားအပေါင်းတို့ကိုကြားလိုက်ပါ၏။ ရောမသြဝါဒစာ ၁း၆
မှတ်ချက်။
က။ဒုတိယသေခြင်းတည်းဟူ သောကန့်နှင့် လောင်သောမီးအိုင်ထဲ၌ခရစ်တော်အားဖြင်သာလျှင်လွှတ်မြောက်နိုင်သည်
ခ။ထာဝရအသက်ကိုရစေခြင်းငှါ၊ဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည်တိုင်အောင်
 လောကီသားတို့ကို ချစ်တော်မူ၏။
ဂ။ထိုသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်ဆီးခြင်းသို့မရောက်၊ထာဝရအသက်ကိုရမည်အကြောင်း
ဃ။ အပြစ်စီရင်ခြင်း ကိုခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊
ငါသည်ခရစ်တော်၏ဧဝံဂေလိတရားကြောင့်၊ရှက်ကြောက်ခြင်းမရှိ။အကြောင်းမူကား၊ထိုတရားသည် ရှေ့ဦးစွာ၌
ယုဒလူ၊ နောက်၌ ဟေလသလူ၊ယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စေသောဘုရားသခင်၏တန်ခိုး
တော် ဖြစ်၏။အဘယ်သို့ဖြစ်သနည်းဟူမူကား၊ ဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်ဟု
 ကျမ်းစာလာသည်နှင့်အညီ၊ယုံကြည်ခြင်း၌တည်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည်ယုံကြည်ခြင်းဘို့
အလိုငှါ ဧဝံဂေလိ တရားဖြင့် ထင်ရှားလျက်ရှိ၏။တမန်တော်ဝတ္ထု ၁း၁၆
၁၂။ကျွန်ပ်တို့သည်အခြားသောနည်းအားဖြင့်အပြစ်တရားအားဖြင့်လွတ်မြောက်ရလမ်းတွေနိုင်မည်သနည်း
ထိုသခင်၏နာမတော်မှတပါးငါတို့ကိုကယ်တင်နိုင်သောနာမတစုံတခုမျှ ကောင်းကင်အောက်လူတို့တွင်မပေါ်မရှိဟု
 ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။တမန်တော်ဝတ္ထု  ၄း ၁၂
မှတ်ချက်။ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှမရှိ
၁၃။ကယ်တင်ခြင်းတရား၌ မည်သို့မရှိသော်လည်း အဘယိသု့တတ်သနည်း
အကြောင်းမူကား၊ စေတနာစိတ်သည်အသင့်ရှိလျှင်၊မတတ်နိုင်သောအမှုကိုမထောက်ဘဲ၊တတ်နိုင်သောအမှု
ကိုထောက်၍ နှစ်သက်တော်မူဘွယ် ဖြစ်၏။ ကောရိ န္တု သြဝါဒစာဒုတိယစောင် ၈း ၁၂
မှတ်ချက်။မတတ်နိုင်သောအမှုကိုမထောက်ဘဲ၊တတ်နိုင်သောအမှုကိုထောက်၍ နှစ်သက်တော်မူဘွယ် ဖြစ်
၏။စေတနာစိတ်နှင့် ပြည့်စုံသော သင်တို့သည်ဤအမှုကိုပြီးစီးစေလျှင် သာ၍ကောင်းလိမ့်မည်။
ငါတိုက်တွန်းသောစကားကိုနားထောင်သည်သာမက၊အလွန်စေတနာစိတ်အားကြီး၍သင်တို့ဆီသို့အလိုအလျောက်သွား၏။
ဧဝံဂေလိတရားကိုဟောပြော၍အသင်းတော်အပေါင်းတို့၌ချီးမွမ်းခြင်းကိုခံရသောညီကိုလည်းတိတုနှင့်အတူငါတို့စေလွှတ်ကြ၏။
၁၄။ကျွန်ပ်တို့အဘယ်သို့ အားဖြင့် လမ်းလွှဲကြသနည်း
ငါတို့ရှိသမျှသည်သိုးကဲ့သို့လမ်းလွဲလျက်၊ကိုယ်လမ်းသို့အသီးသီးလိုက်သွားကြသည်ဖြစ်၍ထာဝရဘုရားသည်ခပ်သိမ်းသော
 ငါတို့၏အပြစ်များကို သူ့အပေါ် တင်တော်မူ၏၊၊ဟေရှာယအနာဂတ္တိကျမ်း  ၅၃း၆
 ကိုယ်တော်တိုင် ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသောကာလ၊အသက်ရှင်သောသူ၊ သေသောသူတို့ကိုစစ်  ကြောစီရင်တော်
မူသောသခင်ယေရှုခရစ်ရှေ့မှာ၎င်း၊ဘုရားသခင့်ရှေ့မှာ၎င်း၊ငါသည်သင့်ကိုသစ္စာပေးသည်ကား၊ နှုတ်ကပတ်တရားတော်
ကိုဟောပြောလော့။အချိန်ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ၊ကြိုးစားအားထုတ်လော့။အပြစ်ကိုဘော်ပြလော့။ဆုံးမခြင်းကိုပြုလော့။
 အလွန်ရှည်သောစိတ်နှင့်သြဝါဒမျိုးကိုပေး၍တိုက်တွန်းသွေးဆောင် လော့။အကြောင်းမူကား၊ နောင်ကာလ၌ ၏လူတို့သည်စင်ကြယ်သောသြဝါဒကိုနားမခံနိုင်ဘဲ၊ယားတတ်သောနားရှိလျှင်၊မိမိတပ်မက်ခြင်းအတိုင်းများပြားသောဆရာ
တို့နောက်သို့လိုက်ကြလိမ့်မည်။သမ္မာတရားကိုနားမထောင်ဘဲ၊ဒဏ္ဍာရီစကားကိုနားထောင်၍လွဲသွားကြလိမ့်မည်။

၁၅။ကျွန်ပ်တို့တရားတရားလမ်းသို့လိုက်နိုင်အတွက်မည်သည့်အရားများနှင့်မှားယွင်းယိုခြင်းရှိသနည်း
ထိုနည်းတူလက်ျာလက်ဖြစ်သော်လည်းသင့်ကိုမှားယွင်းစေလျှင်၊ထိုလက်ကိုဖြတ်ပစ်လော့။တကိုယ်လုံးငရဲသို့ချခြင်းကိုခံ
ရသည်ထက် အင်္ဂါတခုသာ ပျက်သော် သာ၍ကောင်း၏ရှင်မဿဲခရစ်ဝင်  ၅း၃၀
မှတ်ချက်။မိမိ၏စိတ်အလိုသို့လိုက်၍မိမိကိုယ်ခန္ဒာကိုဖျက်စီနိုင်သောအရားတို့နောက်သို့လိုက်နေသည်မဟုတ်လော့
ဒါဖြင့်ရင်ဘာဆက်လိုပ်မှာလဲ။သင့်ကိုမှားယွင်းစေလျှင်၊ထိုလက်ကိုဖြတ်ပစ်လော့။တကိုယ်လုံးငရဲသို့ချခြင်းကိုခံရသည်ထက်
အင်္ဂါတခုသာပျက်သော်သာ၍ကောင်း၏။အဘယ်သို့နည်းဟူမူကား၊ပညတ်တရားအလုံးစုံကိုစောင့်ရှောက်သည်တွင် တစုံတခု၌မှားမိလျှင်၊ပညတ်တရားအလုံးစုံကိုလွန်ကျူးသောအပြစ်ရှိ၏။သူ့မယားကိုမပြစ်မှားနှင့်ဟုပညတ်တော်မူသောသူက၊
လူအသက်ကိုမသတ်နှင့်ဟုပညတ်တော်မူသေး၏။သို့ဖြစ်၍သင်သည်သူ့မယားကိုမပြစ်မှားဘဲနေသော်လည်း၊ လူအသက်ကိုသတ်လျှင်၊ ပညတ်တရားကို လွန်ကျူးသောသူဖြစ်၏။

၁၆။ကယ်တင်ခြင်း ကျွန်ပ်ရရှိပြီ ဟူ၍ဆိုသောသူမည်ကား ကယ်တင် မရှိဘဲဖြစ်နိုင်နည်လော့။
ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည်ငါ့ကိုညှဉ်းဆဲလျှင်သင်တို့ကိုညဉ်းဆဲကြလိမ့်မည်ငါ့စကားကိုနား ထောင်လျှင်သင်တို့၏စကားကိုနားထောင်ကြလိမ့်မည်။
ရှင်ယောဟန်ခရစ်ဝင် ၁၅း၂
သင်တို့သည်ငါဟောပြောသောစကားအားဖြင့်ယခုပင်ရှင်းလင်းလျက်ရှိကြ၏။ငါ၌တည်နေကြလော့။ငါသည်လည်း သင်တို့၌တည်နေမည်။စပျစ်ခက်သည်အပင်၌မတည်လျှင်၊ကိုယ်အလိုအလျောက်အသီးမသီးနိုင်သကဲ့သို့သင်တို့သည် ငါ၌မတည်လျှင်အသီးမသီးနိုင်ကြ။ငါသည်စပျစ်နွယ်ပင်ဖြစ်၏။သင်တို့သည်အခက်များဖြစ်ကြ၏။အကြင်သူသည် ငါ၌တည်၍ငါသည်လည်းသူ၌တည်၏၊ထိုသူသည်များစွာသောအသီးကိုသီးတတ်၏။ငါနှင့်ကွာလျှင်သင်တို့သည် အဘယ်အမှုကိုမျှမတတ်နိုင်ကြ။ငါ၌မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကို ခံရ၏။ထိုသို့သောအခက်များကိုလူတို့သည်စုသိမ်း၍မီးထဲသို့ချလိုက်ကြသဖြင့်မီးလောင်ခြင်းသို့ရောက်ကြ၏။
သင်တို့သည်ငါ၌တည်၍ငါ့စကားသည်သင်တို့၌တည်လျှင်၊သင်တို့သည် တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်။
၁၇။ကျွန်ပ်၏ အသက်စာစောင် ပယ်ဖျက်ကိုခြင်းရှိနိုင်မည်လော့
အကြင်သူသည်ဤစာစောင်၏အနာဂတ္တိစကားအချို့ကို နှုတ်ပယ်၏။ဤစာစောင်၌ရေးထားသောအသက်ပင်နှင့်၎င်း၊
သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။  ဗျာဒိတ်ကျမ်း ၂၂း ၁၉
မှတ်ချက်။ အဘယ်သို့အားဖြင့် ပယ်ဖျက်ခြင်းခံရသနည်း
သမ္မာကျမ်းများ၌ တုစုံခုကိုမျှ မပယ်ရ ပယ်မိသည်ရှိ အသက်စာစောင်၌ ပယ်ဖျက်ခြင်း ကိုခံရလိမ့်နည်
ကွပ်မျက်သော သိုးသငယ်၏အသက်စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသားအပေါင်း တို့သည် သားရဲကိုကိုးကွယ်ကြ  ဗျာဒိတ်ကျမ်း  ၁၃း ၈
 ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာပျက်သောအရာ တစုံတခုမျှမဝင်ရ ဘဲ၊ သိုးသငယ်၏ အသက်စာစောင်၌ စာရင်းဝင်သောသူတို့သာလျှင် ဝင်ရ၏။ ဗျာဒိတ်ကျမ်း  ၂၁း၂၇

၁၈။ကျွန်ပ်တို့ ယေရှုခရစ်တော်ကိုယုံကြည်၍တိကြစွာ သေခြာစွာနားလည်ပြီးနောက်ဘာဆက်လုပ်ရမှာလဲ
သင်တို့တွင်ကောင်းသောအမှုကို ပြုစပြုတော်မှုသောသူသည်၊ ယေရှုခရစ်၏နေ့ရက်တိုင်အောင်ပြီးစီးလျက်ပြုတော်မူမည်ဟု
ငါသဘောကျ၏။ ဖိလိပ္ပိသြဝါဒစာ ၁း ၆
ရှိသမျှသောသင်တို့၏ အမှုအရာ၌ဤသို့ငါယူအပ်၏။ အကြောင်း မူကား၊ငါခံရသောကျေးဇူးတော်ကိုသင်တို့
အပေါင်းသည်ဆက်ဆံကြသည် ဖြစ်၍၊ ငါသည်အကျဉ်းခံရသော်၎င်း၊ ဧဝံဂေလိတရားဘက်၌ သက်သေခံ၍ ထိုတရားကိုတည်စေသော်၎င်း၊သင်တို့ကို အောက်မေ့၏။ ယေရှုခရစ်အားဖြင့်ဘုရားသခင်၏ဘုန်းအသရေတော်ကို
 ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်းအကျင့်နှင့်သင်တို့သည် ပြည့်စုံ၍ခရစ်တော်၏ နေ့ရက်တိုင်အောင်စိတ်ကြည်ဖြူလျက်၊
တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက်ရှိ မည်အကြောင်းကို၎င်း၊ ငါဆုတောင်းပဌနာပြု၏။
၁၉။ယေရှုခရစ်တော်ကိုယုံကြည်သူတို့သည်ဘုရားသခင်ကိုကြောက်ရွံ၍တုန်လှုပ်သောစိတ်နှင့်ကယ်တင်ခြင်းငှါ
 ကိုယ်တိုင်အားထုပ်လော့
သို့ဖြစ်၍ငါ့ချစ်သူတို့၊သင်တို့သည်ငါ့မျက်မှောက်၌နားထောင်သည်သာမက၊မျက်ကွယ်၌လည်းအစဉ်နားထောင်ကြသည်နှင့်
အညီ၊ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့်၊ကိုယ်ကိုကယ်တင်ခြင်းငှါကိုယ်တိုင်ကြိုးစားအားထုတ်ကြလော့။အကြောင်းမူကား၊ 
သင်တို့သည်အလိုရှိစေခြင်းငှါ၎င်း၊အကျင့်ကျင့်စေခြင်းငှါ၎င်း၊သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသော
သူကား၊ ဘုရားသခင်ပေတည်း။ ဖိလိပ္ပိသြဝါဒစာ ၂း ၁၂-၁၃
  ကြောက်ရွံ့သော စိတ်နှင့် ထာဝရဘုရား၏ အမှုတော်ကို ထမ်းရွက်၍ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြလော့၊၊ဆာလံကျမ်း ၂း ၁၁
၂၀။ ကျွန်ပ်တို့သည် ဝန်လေး၍ ပင်ပန်သူများ အဘယ်သွားကြမည်သနည်း
ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ငါ့ထံသို့လာကြလော့။ငါသည်ချမ်းသာပေးမည်။ငါ့ထမ်းဘိုးကိုတင်၍ထမ်းကြလော့။
ငါ့ထံ၍နည်းခံကြလော့။ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘောရှိ၏။သင်တို့စိတ်နှလုံးသည်သက်သာခြင်းကို ရလိမ့်မည်။အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည်ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့ ၏ဟုမိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင် ၁၁ ၂၈- ၃၀



                                              

No comments:

Post a Comment