Wednesday, July 13, 2016

ဗျာဒိတ်ကျမ်းသင်ခန်း(၁၇)




      ပရောဖက်တို့နှင့်ခေတ်ကာလ၌ အိပ်မက်အာဖြင့်ရူပါရုံရရှိခြင်း
ပရောက်ဖက်တို့အားဘုရားသခင်၏ဆေုကျေးဇူတော်ကိုခံစားရခြင်း၊ထိုသို့ဗျာဒိတ်ကျမ်းစာများအတွင်း၌ဘုရားသခင် ကောင်းကင်တမန်
သည် ယောဟန်အား ပရောဖက်ပြုစေခြင်းငှါ၊ ညီအစ်ကို ကဲ့သို့ ဗျာဒိတ်ကျမ်း၌ မြွတ်ဆိုသောအချက်များ ၁၂ကြိမ်တိုင်တိုင်ဖော်ပြခဲ့သည် ဖြောင့်မတ်သောပရောဖက်ဖြစ်ကြသည် 
ယောဟန်သည်ဗျာဒိတ်တော်မြင်သည့်အတိုင်သက်ခံ၏၊ဘုရားသခင်အပ်ပေးတော်မူသောထိုသခင်၏ဗျာဒိတ်တော်ကိုဆိုပေအံ့၊ထိုသခင်
သည်မိမိကောင်းကင်တမန်ကို စေလွှတ်၍၊မိမိအစေခံကျွန်ယောဟန်အားဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။ယောဟန်သည်လည်းဘုရား
သခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏သက်သေခံတော်မူချက်ကို၊ မြင်သမျှအတိုင်းသက်သေခံ၏။ကာလအချိန်ရောက်လုနီးပြီးဖြစ်၍၊
ဤအနာဂတ္တိကျမ်းစကားကိုကြည့်ရှုဘတ်ရွတ်နားထောင်၍၊ ရေးထားသမျှတို့ကိုစောင့်ရှောက်သောသူတို့သည်မင်္ဂလာရှိကြ၏။သူ၌ဗျာဒိတ်
ပေးသောအခါ၊နက်နဲသောစကားအားဖြင့်မပေး၊ကိုယ်တိုင်ကိုယ်ကျထင်ရှားစွာဗျာဒိတ်ပေးမည်။သူသည်ထာဝရဘုရား၏ပုံသဏ္ဌာန်ကိုလည်း
 မြင်ရမည်။သို့ဖြစ်၍သင်တို့သည်ငါ့ကျွန်မောရှေကိုအဘယ်ကြောင့်အပြစ်တင်ဝံ့သနည်းဟုမိန့်တော်မူလျက်၊အမျက်တော်ထွက်၍ထာဝရဘု
ရား ကြွသွားတော်မူသဖြင့်၊ထိုနောက်မှလူမျိုးတကာတို့အပေါ်သို့ငါ၏ဝိညာဉ်တော်အကိုငါသွန်းလောင်းမည်။သင်တို့၏သားသမီးတို့သည်ပရော
ဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။အသက်ကြီးသောသူတို့သည်နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။အသက်ငယ်သောသူတို့သည်
လည်းဗျာဒိတ်ရူပါရုံတို့ကိုလည်း မြင်ရကြလိမ့်မည်။ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမတို့သို့ငါ၏ဝိညာဉ်တော်အပေါ်ကိုငါသွန်းလောင်
၍၊သူတို့သည်ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။မိုဃ်းကောင်ကင်၌င်း၊ မြေကြီးပေါ်၌င်း၊အံ့ဘွယ် သောအရာတည်းဟူသော သွေး၊မီး
လျှံ၊မီးခိုးတိုင်တို့ကိုငါပြမည်။ထာဝရဘုရား၏ ကြောက်မက်ဘွယ်သော  နေ့ကြီးမတိုင်မှီ၊ နေသည် မှောင်မိုက်အတိဖြစ်လိမ့်မည်။လသည်လည်း
 သွေးဖြစ်လိမ့်မည်။

၁။ဘုရားခင်သည် အဘယ်သို့ကတိတော်ပေးတော်မူသနည်း။
ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည်မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ၊ဘုရားသခင်အပ်ပေးတော်မူသောထိုသခင်၏
ဗျာဒိတ်တော်ကိုဆိုပေအံ့၊ထိုသခင်သည်မိမိကောင်းကင်တမန်ကို စေလွှတ်၍၊မိမိအစေခံကျွန်ယောဟန်အားဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။
 ယောဟန်သည်လည်းဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏သက်သေခံတော်မူချက်ကို၊ မြင်သမျှအတိုင်းသက်သေခံ၏။ကာလအချိန်
ရောက်လုနီးပြီးဖြစ်၍၊ဤအနာဂတ္တိကျမ်းစကားကိုကြည့်ရှုဘတ်ရွတ်နားထောင်၍၊ ရေးထားသမျှတို့ကိုစောင့်ရှောက်သောသူတို့သညမင်္ဂလာရှိကြ၏။
ငါယောဟန်သည်အာရှိပြည်၌ရှိသောအသင်းတော်ခုနစ်ပါးကိုကြားလိုက်ပါ၏။ပစ္စုပ္ပန်၊အတိတ်၊အနာဂတ်ကာလအစဉ်ရှိတော်မူသောဘုရားသခင့် 
အထံတော်က၎င်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ်ခုနစ်ပါး အထံက၎င်း၊ဗျာဒိတ်ကျမ်း ၁-၁၄
က။ဘုရားသခင်သည်။ယေရှုခရစ်တော်မိန့်တော်မူ၏
ခ။ယေရှုတော် ကောင်းကင်တမန်တို့အား မိန့်တ်ာမူ၏
ဂ။ကောင်းကင်တန်တို့သည် ယောဟန်အား မိန့်တော်မူ၏
ဃ။ယောဟန်သည် အသင်းတော်တို့အား ဟောကြေား၏
 ၂။ဘုရားသခင်သည် အနာဂတ္တိစကား ဗျာဒတ်တော်အားအဘယ်သို့အကြံစီရှိတော်မူသနည်း
 အကယ်စင်စစ်အရှင်ထာဝရဘုရားသည်မိမိကျွန်ပရောဖက်တို့အားမဘော်မပြဘဲအဘယ်အမှုကိုမျှစီရင်တော်မမူ။
က။ဘုရားသခင်၏ ပရောတို့များထံ
၃။ပရောဖက်ရှိသမျှတို့သည် အဘယ်သို့ အားဖြင့်ပရောဖက်ပြုနိုင်သနည်း
 အကြောင်းမူကား၊အနာဂတ္တိစကားသည်လူအလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ်။ဘုရားသခင်၏သန့်ရှင်းသူတို့သည်သန့်ရှင်းသောဝိညာဉ်တော်၏ 
 တိုက်တွန်းတော်မူခြင်းကို ခံရ၍ဟော ပြောကြ၏။ရှင်ပေတရုသြဝါဒစာဒုတိယစောင် ၁း၁၂
 က။ဘုရားသခင်၏ သန့်ရှင်းတော်အားဖြင့်တိုက်တွင်အားဖြင့်
 ၄။ပရောဖက်ကဲ့သို့အဘယ်သို့ဖြစ်နိုင်မည်သနည်။
 ငါအမှန်ဆိုသည်ကား၊မိန်းမမွေးသောသူတို့တွင်ဗတ္တိဇံဆရာရောဟန်ထက်ကြီးမြတ်သောသူတယောက်မျှမပေါ်
 ထွန်းသေး။သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင်အငယ်ဆုံးသောသူသည်ထိုသူထက်သာ၍ကြီးမြတ်၏။ရှင်မဿဲခရစ်ဝင်ကျမ်း ၁၁း၁၁
 ၅။ဘုရားသခင်သည် ပရောဖက်ပြာသော အမျိုးသမီးအားပရောဖက်ပြုစေသနည်း

 သူသည်လည်းထိုခဏခြင်းတွင်ဝင်၍ထာဝရဘုရား၏ ကျေးဇူးတော်ကိုချီး မွမ်းလေ၏။ ယေရုရှလင်မြို့၌
 ရွေးနှုတ်ခြင်းအရာကိုမြော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။
 လုကာခရစ်ဝင်ကျမ်း ၂း၃၈
 အာရုန်၏အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကိုကိုင်၍၊ မိန်းမအပေါင်းတို့သည် ပတ်သာ တီးလျက်၊ ကလျက်လိုက်သွားကြ၏။ထွက်မြောက်ရာကျမ်း  ၁၅း၂၀
  ထိုကာလအခါ လပိဒုတ်မြို့သား ပရောဖက်မဒေဗောရသည် ဣသရေလအမျိုးကိုအုပ်စိုး၏။
 တရားသူကြီးမှတ်စာ ၄း၎
ကောင်းကင်တမန်ကလည်း၊သင်၏ခါးပန်းကိုစည်းလော့။ ခြေနင်းကိုလည်းစီးလော့ဟုဆိုလျှင်၊ဆိုသည်အတိုင်း ပေတရုပြု၏။
ဝတ်လုံကိုခြုံ၍ငါ့နောက်သို့လိုက်လော့ဟုဆိုပြန်၏။ ပေတရုသည်ထွက်၍လိုက်သော်လည်း၊ ကောင်းကင်တမန်ပြုသမျှတို့သည်
မှန်သောအမှုအရာဖြစ်သည်ဟုမသိမမှတ်ဘဲ၊မိမိသည်ဗျာဒိတ်ရူပါရုံကို မြင်သည်ဟုထင်လေ၏တမန်တော်ဝတ္ထု ၁၂း၈-၉
အာရုန်၏အစ်မဖြစ်သောပရောဖက်မမိရိအံသည်ပတ်သာကိုကိုင်၍၊မိန်းမအပေါင်းတို့သည်ပတ်သာတီးလျက်၊ကလျက်လိုက်သွားကြ၏။ 
ထွက်မြောက်ရာကျမ်း ၂၂း ၁၄
၆။အနာဂတ္တိ၌ နောင်ကာလ၌ ဘုရားသခင်ပရောက်များပြုစေတောမူသနည်း
 ထိုနောက်မှလူမျိုးတကာတို့အပေါ်သို့ငါ၏ဝိညာဉ်တော်အကိုငါသွန်းလောင်းမည်။သင်တို့၏သားသမီးတို့သည် 
ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။အသက်ကြီးသောသူတို့သည်နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။
အသက်ငယ်သောသူတို့သည်လည်းဗျာဒိတ်ရူပါရုံတို့ကိုလည်း မြင်ရကြလိမ့်မည်။ငါ၏အမှုကို ဆောင်ရွက်သော
 ယောက်ျားမိန်းမတို့သို့ငါ၏ဝိညာဉ်တော်အပေါ်ကိုငါသွန်းလောင်၍၊သူတို့သည်ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။
မိုဃ်းကောင်ကင်၌င်း၊ မြေကြီးပေါ်၌င်း၊အံ့ဘွယ် သောအရာတည်းဟူသော သွေး၊မီးလျှံ၊မီးခိုးတိုင်တို့ကိုငါပြမည်။
 ထာဝရဘုရား၏ ကြောက်မက်ဘွယ်သော  နေ့ကြီးမတိုင်မှီ၊ နေသည် မှောင်မိုက်အတိဖြစ်လိမ့်မည်။လသည်လည်း သွေးဖြစ်လိမ့်မည်။
 ယောလအနာဂတ္တိကျမ်း၁း၂၈-၃၀
 ယောက်ျား မိန်းမတို့သည်ပရောက်ဖက်ပြုလိမ့်မည်
 ၇။ယေရှုခရစ်တော်ကောင်းဘုံသို့တက်ကြွတော်မူပြီး အဘယ်သို့ ဆုကျေးဇူးတော်ပေးသနည်း
 သို့သော်လည်းခရစ်တော်သည်ဆုပေးတော်မူသည်အတိုင်းငါတို့သည် ကျေးဇူးတော်ကိုအသီးအသီးကိုယ်စီခံရကြပြီ။
 ထိုသို့နှင့်အညီကျမ်းစာ၌လာသည်ကား၊ မြင့်သောအရပ်သို့တက်ကြွတော်မူသဖြင့်၊များစွာသောသူတို့ကိုဘမ်းသွားတော်မူ၍၊
 လူတို့အားဆုလပ်များကို ပေးတော်မူသည်ဟုလာသတည်း။တက်ကြွတော်မူသည်ဟုဆိုသော်၊အစစွာမြေကြီးအောက် အရပ်သို့ဆင်းသက်တော်မူကြောင်းကိုရည်မှတ်၍ဆိုသည်မဟုတ်လော။ဆင်းသက်တော်မူသောသူသည်အခြားသူမဟုတ်၊ 
အလုံးစုံတို့ကို ပြည့်စုံစေခြင်းငှါ၊ခပ်သိမ်းသော ကောင်းကင်တို့၏အထွဋ်ကိုလွန်၍တက်ကြွတော်မူသောသူ ဖြစ်သတည်း။
 ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်၍၊ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊ဧဖက်သြဝါဒစာ၎း၇-၁၁
 အသင်းတော်များ၌။ ဓမ္မဆရာဖြစ်ခြင်း ဘုရားသခင်၏အမှုတော်၌ဘာဝင်၍ ဓမ္မာတရားများကိုပြောခြင်း
၈။ဘုရားသခင်အဘယ်သို့အားဖြင့် ပေးတော်မူသနည်း။
သန့်ရှင်းသူ တို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့တို့ကို ပရောဖက်အရာ၌၎င်း၊ အချို့တို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။ဧဖက်သြဝါဒစာ ၄း၁၂
သင်းအုပ်ဆရာဖြစ်ခြင်း 
ထိုနောက် သုံးနှစ်လွန်ပြီးမှ ပေတရုကို အကျွမ်းဝင်လိုသောငှါ၊ ယေရုရှလင်မြို့သို့သွား၍ သူနှင့်အတူ တဆယ့်ငါးရက်နေ၏။ကလာတိသြဝါဒစာ ၁း၁၈
၉။ဘုရားသခင်ပေးတော်မူသောဆုကျေးဇူတော်သင်းတော်၌ အဘယ်မျှလောက်ကြာရှိသနည်း
 ငါတို့ရှိသမျှသည်ယုံကြည်ခြင်းသို့၎င်း၊ဘုရားသခင်၏သားတော်ကိုသိကျွမ်းခြင်းသို့၎င်း၊တညီတညွတ်တည်းရောက်၍ 
ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသောကြီးရင့်သောလူ၏အဖြစ်သို့ ရောက်ကြသည်တိုင်အောင်
 ဖြစ်သတည်း။ဧဖက်သြဝါဒစာ ၃း၁၃
 တမျိုးတဘာသာတည်းအတွက် ဘုရားသခင်ဆုကျေးဇူတော်များကိုပေးတော်မူ၏။ဘုရားသခင်ပေးသနာတော်မူသောဆုကျေးဇူများတို့သည် ပရောဖက်ပြုခြင်း လောက်ကီအရပ်ရပ်ဧဝိဂေလိတရားတော်ကိုဟောပြောခြင်းခရစ်တော်ကြွလာတော်မူသည်အတိုင်အောင်
၁၀။ဘုရားသခင်၏အသင်တော်တို့အတွက်ဘုရားသခင်ပေးသန်ာတော်မူသောဆုတော်အဘယိသို့ပြုအပ်သနည်း
  အကြောင်းမူကား၊ သူတပါးတို့သည် လူပရိယာယ်နှင့် အပြစ်သို့သွေးဆောင်ခြင်းငှါ လှည့်ဖြားပြော ဆိုသဖြင့်၊ငါတို့သည်နောက်တဖန်ခပ်သိမ်းသောသြဝါဒလေတိုက်၍ဖရိုဖရဲလွင့်သွားသောသူငယ်မဖြစ်ဘဲလျက်၊
မှတ်ချက်။တယောက်သောသူသည် ဘုရားသခင်ကိုယုံကြည်၍ အသင်းတော်အထဲ့သို့ဝင်လာသော ယုံကြည် တည်ခိုင်ခန့်စေမည်အတွက် ဘုရားသခင်သည်ဆူကျေးဇူတော်များနှင့်ပရောဖက်ပြုချက်တို့ကိုပေး
ဘုရားသခင်၏ပညတ်တရားများသစ္စာရှိစေရန်အတွက်ဖြစ်သည်
 ၁၁။ဘုရားသခင်သည် အသင်းတော် အဘယ်သို့ကတိတော်များပေသနည်း
 အရာရာ၌ နှုတ်သတ္တိ၊ ဥာဏ်သတ္တိအပေါင်းနှင့် ကြွယ်ဝပြည့်စုံကြသည်ဖြစ်၍၊ ယေရှုခရစ်အားဖြင့် သင်တို့ အားပေးတော်မူသော ဆုကျေးဇူးတော်ကို ငါထောက်၍၊ သင်တို့အကြောင်းကြောင့် ငါ့ဘုရားသခင်၏ ကျေးဇူးတော် ကိုအစဉ်မပြတ် ချီးမွမ်း၏။
ထိုကြောင့် သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်း ကို မြော်လင့်၍ နေစဉ်၊ ဆုတော်တစုံတခုမျှမလျော့ဘဲ စုံလင်လျက်ရှိကြ၏။ကောရိန္တုသြဝါဒစာပဋ္ဌမစောင် ၁း၆-၇
 ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှါ သူ၏ခြေရင်း၌ပြပ်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏လုပ်ဘော်ဆောင်ဘက် ဖြစ်၏။ ယေရှု၏သက်သေခံတော်မူချက်ကို ဆောင်သောသင်၏ ညီအစ်ကိုတို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အကြောင်းမူကား၊ ပရောဖက်ဟောသောစကားချက်သဘောသည် ယေရှု၏ သက်သေဖြစ်သတည်းဟု ငါ့အား ပြောဆို၏။
 ဗျာဒိတ်ကျမ်း ၁၉း၁၀
 ၁၂။ဘုရားသခင် ပညတ်တော်တို့ကိုကျင့် ယေရှု၏ သက်ခံကိုစွဲလမ်းသာသူအားဘယ်သူအငြိုးသနည်း
 နဂါးသည် မိန်းမကိုအငြိုး ထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေ ခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။ဗျာဒိတ်ကျမ်း ၁၂း၁၇
 စာတန်မာရ်နတ် သူသည် ဘုရားသခင်၏ ပညတ်တော်အကြောင်းပြောလိုက် ဟန်းဟန်းနှင့်လုပ်သောသူ
 ၁၃။တန်တော် ရှင်ပေါလုသည် အဘယ်သို့မထီမျက်မြင်မပြုနှင့်ဆိုသနည်း။
  ပရောဖက်ပြုခြင်းကို မထီမဲ့မြင် မမှတ်ကြနှင့်။ ခပ်သိမ်းသောအရာကို စုံစမ်း၍၊ ကောင်းသောအရာကို မြဲကိုင်စွဲကြလော့။သက်တာလောနိတ်သြဝါဒစာပဋ္ဌမစောင် ၅း၂၀း၂၁
 ၁၄။ မိစ္ဆာပရောက်တို့သည် ဆန်ကြင်ဘက်ပြုသော အခါအဘယ်သို့ ပြန်ပြုရမည်သနည်း
တိုးတိုးပြော၍မန္တန်သရဇ္ဈာယ်တတ်သောနတ်ဝင်နှင့်စုန်းတို့၌ဆည်းကပ်ကြလော့ဟုသင်တို့အားဆိုလျှင်မူကား၊ 
လူတို့သည် မိမိတို့ဘုရားသခင်၌မဆည်းကပ်အပ်သလော၊၊အသက်ရှင်သောသူ၏အမှုမှာအသက်သေသော သူ၌ ဆည်းကပ်အပ်သလော၊၊ဟေရှာယအနာဂတ္တိကျမ်း ၈း၁၉-၂၀
မှတ်ချက်။ထိုသူတို့သမ္မာတရား၌ မရှိသောကြောင့် ရှောင်ကြလော့
 ၁၅။အဘယ်နည်းအား ဘုရားသခင်၏ပရောဖက်စစ်မှန်ကြောင်း အသင့်အားအသိပေးနိုင်သနည်း



(က)သန့်ရှင်းသောဝိညာဉ်တော်အောင်တည်ရှိသောသမ္မာကျမ်းစာ၌ရှိသမ္မာကျမ်းအလုံးတို့၌တည်နေရမည် 
အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ်။ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ဟော ပြောကြ၏။
 ကျမ်းစာ၌ပါသော အနာဂတ္တိစကား မည်သည်ကား၊ ကိုယ်အလိုအလျောက် အနက်မပေါ်ဟု ရှေ့ဦးစွာသိမှတ်ကြလော့။ရှပေတရုသြဝါဒစာဒုတယစောင် ၁း၂၁
(ဂ)   ကျမ်းစာ၌ပါသော အနာဂတ္တိစကား မည်သည်ကား၊ ကိုယ်အလိုအလျောက် အနက်မပေါ်ဟု
 အသံမလျော့ဘဲ ကြွေးကြော်လော့။  တံပိုးသံကဲ့သို့ အသံကိုလွှင့်၍၊ ယာကုပ်အမျိုးသားဖြစ်သောငါ၏ လူတို့အား၊ သူတို့ဒုစရိုက်အပြစ်ကို ဘော်ပြလော့။ဟေရှယအနာဂတ္တိကျမ်း ၅၈း၁
 (ဃ) ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ဟော ပြောကြ၏။
  ပြည်တော်သည် ယစ်မူးသော သူကဲ့သို့ တလူးလည်လည်ရှိ၏၊၊ ပုခက်ကဲ့သို့ လှုပ်ရှား၏၊၊ မိမိအပြစ်သည် မိမိအပေါ် မှာလေသဖြင့်၊ ပြည်တော်သည် လဲလိမ့်မည်၊၊ နောက်တဖန်မထရ၊၊ဟေရှာယအနာဂတ္တိကျမ်း ၂၄း၂၀
 (င)လူအမျိုး အနွှယ် ခပ်သိန်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊
 မြေကြီးပေါ်မှာနေသောသူတည်း ဟူသော အသီးအသီးဘာသာစကားကို ပြောသော လူအမျိုး အနွှယ် ခပ်သိန်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊
 ဘုရား သခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊ တရားစီရင်တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသော အရှင်ကိုကိုးကွယ်ကြလော့ဟု ကြီးသောအသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။ဗျာဒတိကျမ်း ၁၄း၆-၇
 အသံမလျော့ဘဲ ကြွေးကြော်လော့။  တံပိုးသံကဲ့သို့ အသံကိုလွှင့်၍
 ၁၆။သမ္မာတရားနှင့် မည်သောသူတို့အဘယ်သို့သူဖြစ်သနည်း
 ထိုသူတို့ကိုရှိပါလေစေ။သူတို့သည်လူကန်းတို့အားလမ်းပြသောလူကန်းဖြစ်ကြ၏။လူကန်းချင်းတဦးကိုတဦးလမ်းပြလျှင်၊
 နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်ဟုမိန့်တော်မူ၏။
 ရှင်မဿဲခရစ်ဝင်ကျမ်း ၁၅း၁၄
  သင်တို့သည်ယခုတိုင်အောင်ပညာမဲ့လျက်နေသေးသလော။
  ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုး နည်းဖြစ်ကြ၏။ တရားတော်ကိုစောင့်သော သူမူကား မင်္ဂလာရှိ၏။သုတ္တံကျမ်း  ၂၉း  ၁၈

 ၁၇။ နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ်  AG
  နိမိတ်လက္ခဏာတို့ကိုပြသောနတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ထိုဝိညာဉ်တို့သည် လောကီတနိုင်ငံလုံးတွင် ရှိသောရှင်ဘုရင်တို့ထံသို့ ထွက်သွား၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှါ စုဝေးကြ၏။ ဗျာဒိတ်ကျမ်း  ၁၆း၁၄
 ၁၈။ အိပ်မက်အားဖြင့် ဗျာဒိတ်ပေးမည်။
  ထာဝရဘုရားကလည်း၊ ငါ့စကား ကို နားထောင်ကြ လော့။ သင်တို့တွင် ပရောဖက်ရှိလျှင်၊ ငါထာဝရဘုရားသည် ထိုသူ၌ ထူးဆန်းသောရူပါရုံအားဖြင့် ကိုယ်ကိုပြမည်။ သို့မဟုတ် အိပ်မက်အားဖြင့် ဗျာဒိတ်ပေးမည်။
 အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်သော ငါ့ကျွန် မောရှေသည် ထိုသို့မဟုတ်။
 သူ၌ ဗျာဒိတ်ပေးသောအခါ၊ နက်နဲသောစကားအားဖြင့် မပေး၊ ကိုယ်တိုင်ကိုယ်ကျ ထင်ရှားစွာဗျာဒိတ်ပေးမည်။ သူသည် ထာဝရဘုရား၏ ပုံသဏ္ဌာန်ကိုလည်း မြင်ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ကျွန်မောရှေကို အဘယ်ကြောင့် အပြစ်တင်ဝံ့သနည်းဟု မိန့်တော်မူလျက်၊
 တောလည်ရာကျမ်း ၁၂း ၆-၈
 ၁၉။ ထိုသူ၏စကားသံကို ငါကြား၏။ ကြားသောအခါ၊ မြေပေါ်မှာ ပြပ်ဝပ်၍ မိန်းမောတွေဝေလျက်နေ၏။
 ငါမူကား၊ တယောက်တည်းနေရစ်၍ ထိုကြီးစွာသော ရူပါရုံကိုမြင်ရလျှင်၊ ခွန်အားလျော့၍ မျက်နှာပျက်လျက်၊ ကိုယ်၌အစွမ်းသတ္တိအလျှင်းမရှိဖြစ်လေ၏။ ဒံယေလအနာဂတ္တိကျမ်း ၁၀း၈
က ဘုရားသခင်၌ ခွန်အားကိုတောင်းပါ
  ထိုအခါ လူသား၏သဏ္ဌာန်ရှိသော သူတဦးသည် ငါ့နှုတ်ကိုလက်နှင့်တို့လျှင်၊ ငါသည်နှုတ်ကိုဖွင့်၍ ပြောသော အခွင့်ကို ရပြီးလျှင်၊ အကျွန်ုပ်၏ သခင်၊ ဗျာဒိတ်ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသောဝေဒနာကို ခံရ၍၊ ကိုယ်၌ ခွန်အား အလျှင်းမရှိပါ။
 ခ အသက်မရှူဘဲနင့်စကားပြောတတ်သည်
  မျှော်ကြည့်၍၊ ပိတ်ချောနှင့် ဥဖတ်ရွှေစင်ခါးပန်းကို ဝတ်စည်းလျက်ရှိသော လူတဦးကို မြင်၏။
 သူ၏ကိုယ်သည် ကျောက်မျက်ရွဲ ကဲ့သို့ဖြစ်၏။ သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ထင်၏။ သူ့မျက်စိသည်လည်း မီးခွက်ကဲ့သို့ဖြစ်၏။ သူ့လက်ခြေ တို့သည် ဦးသစ်သောကြေးဝါအရောင်အဆင်းရှိ၏။ သူ့စကားသံသည် များစွာသောလူစုအသံနှင့်တူ၏။ ဒံယေလအနာဂတ္တိကျမ်း  ၁၀း၁၆
 ထိုဗျာဒိတ် ရူပါရုံကို ငါဒံယေလတယောက်တည်းမြင်ရ၏။ ငါနှင့်အတူ ပါလာသောလူတို့သည် မမြင်ရကြ။ သူတို့သည် အလွန် ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက်သဖြင့်၊ ပုန်းရှောင်၍နေခြင်းငှါ ပြေးကြ၏။
 ငါမူကား၊ တယောက်တည်းနေရစ်၍ ထိုကြီးစွာသော ရူပါရုံကိုမြင်ရလျှင်၊ ခွန်အားလျော့၍ မျက်နှာပျက်လျက်၊ ကိုယ်၌အစွမ်းသတ္တိအလျှင်းမရှိဖြစ်လေ၏။ ဒံယေလအနာဂတ္တိကျမ်း 
 ၁၀း၅-၈
 သူသည် ပရောဖက် စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ၊ ဗောရသားဗာလမ်၏စကား၊
 ဘဝင်ဖြစ်၍ မျက်စိပွင့်လျက် အနန္တတန်ခိုးရှင်၏ ရူပါရုံကိုမြင်၍၊ ဘုရားသခင်၏ အမိန့်တော်ကို ကြားသောသူ၏စကား ဟူမူကား၊
အိုယာကုပ်  အမျိုး၊ သင်တို့၏တဲများ၊ အိုဣသရေလ အမျိုး၊ သင်တို့၏ ဘုံဗိမာန်များတို့သည် အဘယ်မျှလောက် တင့်တယ်ကြ သည်တကား။ တရားဟောရာကျမ်း၂၄း၃-၅
 အနန္တတန်ခိုးရှင် ဘုရားသခင် မိန့်မြွက်တော်မူသောအသံကဲ့သို့ ခေရုဗိမ် အတောင်တို့၏ အသံကို ကြားရ၏။
ပိတ်အဝတ်ကို ဝတ်သော သူအားလည်း၊ ရထားဘီးအကြားထဲက မီးကို ယူလော့ဟု မိန့်တော်မူသောအခါ၊ ထိုသူသည် ဝင်၍ ဘီးတို့အနား၌ ရပ်နေ၏။
 ခေရုဗိမ်တပါးသည် ခေရုဗိမ်စုထဲက လက်ကို ဆန့်၍ ခေရုဗိမ်အကြားမှာရှိသော မီးကိုယူပြီးလျှင် ပိတ်အဝတ်ကို ဝတ်သောသူလက်၌ ထည့်၏။ ထိုသူလည်း ခံယူ၍ ထွက်သွား၏။
 ခေရုဗိမ်အတောင်အောက်၌ လူလတ်ကိုလည်း ငါမြင်၏။ယေဇကျေလအနာဂတ္တိကျမ်း  ၁၀း၅-၈
  ၂၀။ဘုရားသခင်ကိုယုံကြည်သူအဘယ်ကျိုးကျေးဇူခံစားရသနည်း
 နက်ဖြန်နံနက်စောစောထ၍၊ တေကောတောသို့ ထွက်သွားကြ၏။ သွားကြစဉ်တွင်၊ ယောရှဖတ်သည် ရပ်၍ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့ နားထောင်ကြလော့။ သင်တို့၏ ဘုရားသခင်ကို ယုံကြည်ကြလော့။ သို့ပြုလျှင် တည်ကြည်ကြလိမ့်မည်။ ပရောဖက်တော်တို့ကို ယုံကြည်ကြလော့။ သို့ပြုလျှင် အောင်မြင်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ရာဇဝင်ချုပ်ဒုတိယစောင် အခန်းကြီး ၂၀း၂၀
 ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော် ခုနစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ဘုရားသခင့် အထံတော်က၎င်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ်ခုနစ်ပါး အထံက၎င်း၊ဗျာဒိတ်ကျမ်း ၁း၁၃
နောက်ဖြစ်လာမည့်အရာကြိုင်တင်၍သိရှိထား နောင်တမလွန်ဘဝအတွက်ပြင်ဆင်ခြင်း
 ၂၁။ပရောဖတ်တို့ကိုသင်းတော်၌ မယုံကြည်သူတို့သည် ပရောဖက်ပြုဖြစ်နိုင်မည်း
  ပညတ္တိကျမ်းစာ၌ လာသည်ကား၊ အခြားတပါး သောလျှာ၊ အခြားတပါးသောနှုတ်နှင့် ဤလူမျိုးကိုငါပြောမည်။ သို့သော်လည်း သူတို့သည် နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။
 သို့ဖြစ်၍ အခြားသောဘာသာစကားတို့သည် ယုံကြည်သောသူတို့အား နိမိတ် လက္ခဏာဖြစ်သည်မဟုတ်။ မယုံကြည်သောသူတို့အား နိမိတ်လက္ခဏာဖြစ်သတည်း။ ပရောဖက်ပြုခြင်း အမှုမူကား၊ မယုံကြည်သောသူတို့ အဘို့မဟုတ်၊ ယုံကြည်သောသူတို့ အဘို့ဖြစ်သတည်း။
ထိုကြောင့် အသင်းဝင်သူအပေါင်း တို့သည် စည်းဝေး၍ အခြားသောဘာသာဖြင့် ဟောပြောလျက်နေကြစဉ်တွင် မယုံကြည်သောသူ၊ မတတ်သောသူ သည် ဝင်လာလျှင်၊ သူတို့ကို သူရူးဖြစ်ကြသည်ဟု ပြောမည်မဟုတ်လော။
သို့မဟုတ် သင်းဝင်သူအပေါင်းတို့သည် ပရောဖက်ပြု၍ နေကြစဉ်တွင်၊ မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ အသင်းဝင်သူအပေါင်းတို့ သည် သူ၏အပြစ်ကိုဘော်ပြ၍ သူ့ကိုစစ်ကြောစီရင်ကြ၏။
 ထိုသို့ သူ၏စိတ်နှလုံး၌ မထင်ရှားသောအရာတို့သည် ထင်ရှားပြန်၍ သူသည်ပြပ်ဝပ်လျက်၊ ဘုရားသခင်ကို ကိုးကွယ်လိမ့်မည်။ ဘုရားသခင်သည် သင်တို့တွင် အမှန်ရှိ တော်မူသည်ဟု သက်သေခံလိမ့်မည်။
ညီအစ်ကိုတို့၊ အဘယ်သို့နည်း၊ သင်တို့စည်းဝေးကြသောအခါ၊ ဆာလံသီချင်းကို ရသောသူ၊ ဆုံးမသြ ဝါဒစကားကို ရသောသူ၊ အခြားသောဘာသာစကားကို ရသောသူ၊ ဗျာဒိတ်တော်ကိုရသောသူ၊ အနက်ဘော် ပြရာကို ရသောသူ၊ အသီးသီးရှိကြသည်ဖြစ်၍၊ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်ခြင်းအလိုငှါ စီရင်ကြလော့။
အခြား သောဘာသာစကားဖြင့် ဟောပြောသောသူရှိလျှင်၊ နှစ်ယောက်ဖြစ်စေ၊ အများဆုံးဆိုသော် သုံးယောက်ဖြစ်စေ၊ တယောက်နောက် တယောက်ပြော၍ တယောက်သောသူသည် အနက်ကိုဘော်ပြစေ။
စကားပြန်မရှိလျှင်၊ ဟောပြောသောသူသည် အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိအား၎င်း၊ ဘုရားသခင်အား၎င်း ပြောစေ။ကောရီန္တုသြဝါဒစာပ၏မစောင် ၁၄း ၂၂
မယုံကြည်သူ သီချင်းမဆို ကျမ်းစာမတတ် သူတို့ကဲ့ရှဲပြုခြင်းမလုပ်နှင့်
 ၂၂။ယေရှု၏သက်သေခံ ဘုရားသခင်အသင်းတော်
နဂါးသည် မိန်းမကိုအငြိုး ထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေ ခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။ ဗျားကျမ်း ၁၂း၁၇
မယုံကြည်သောသူ စာတန်မာရန်နတ်
 ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှါ သူ၏ခြေရင်း၌ပြပ်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏လုပ်ဘော်ဆောင်ဘက် ဖြစ်၏။ ယေရှု၏သက်သေခံတော်မူချက်ကို ဆောင်သောသင်၏ ညီအစ်ကိုတို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အကြောင်းမူကား၊ ပရောဖက်ဟောသောစကားချက်သဘောသည် ယေရှု၏ သက်သေဖြစ်သတည်းဟု ငါ့အား ပြောဆို၏။
 ဗျာဒိတ်ကျမ်း ၁၉း ၁၀
လူ လူခြင်းဥမချက်ရဘူး
 ၂၃။မိစ္ဆာပရောများအဘယ်သိနိုင်မည်သညန်း
 အကြောင်းမူကား၊ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့်မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သော သူတို့ကိုပင်လှည့်ဖြားနိုင်လျှင်လှည့်ဖြားလောက်အောင်ကြီးစွာသောနိမိတ်လက္ခဏာ၊အံ့ဘွယ်သောအမှုတို့ကို ပြကြလိမ့်မည်။
 သမ္မာကျမ်းစာမညီလျှင် သူတို့၏သက်သေခံချက်ကိုကြည့် သမ္မာမှာ သတ္ထမနေ့ပြောရင် မိစ္ဆာပရောက ပထမနေ့ပြောနေတယ်သူ ဘုရားသခင် အသင်းတော်ကိုဖျက်ဆီးတတ်၏
 သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက်ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဌိအယူများကို ပရိယာယ်အားဖြင့်သွင်း၍၊ မိမိတို့ကိုဝယ်တော်မူသော အရှင်ကိုငြင်းပယ်လျက်၊ မိမိတို့အပေါ်သို့ လျင်စွာသော ဖျက်ဆီးခြင်းကိုရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင်ရှိကြ လိမ့်မည်။
သူတို့ညစ်ညူးသောအကျင့်ဓလေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာ တရားလမ်းအသရေသည် ပျက်စီးလိမ့်မည်။ရှင်ပေတရုသြဝါးစာပဋ္ဌမစောင် ၂း၁-၂
 ၂၄။ဘုရားသခင် မိစ္ဆာပရောဖက်တို့ အဘယ်သို့တော်မူသနည်း
 သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသော ပြည်သို့သင်သည် ဝင်စားသောအခါ၊ ထိုပြည်၌ နေသော လူမျိုးတို့ပြုတတ်သော စက်ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကို ပြုခြင်းငှာ မသင်ရ။
 သင်တို့တွင် မိမိသားသမီးကို မီးဖြင့်ပူဇော် သောသူ၊ ဖြစ်လတံ့သောအမှုကို ကိုယ်ဥာဏ်နှင့် ဟောပြောသောသူ၊  ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသော အတတ်ကို ပြုစုသောသူ၊
 ပြုစားတတ်သော သူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ၊ လူသေကို မေးမြန်းသောသူ တစုံတစ်ယောက်မျှမရှိရ။
 ထိုသို့ပြုတတ်သောသူ အပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာတော်မူ၏။ ထိုစက်ဆုပ်ရွံ့ရှာဘွယ်သော အမှုများ တို့ကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ၏။ 
  ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။
  က။စက်ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကို ပြုခြင်းငှာ မသင်ရ။
 ခ။ မိမိသားသမီးကို မီးဖြင့်ပူဇော် သောသူ၊ 
ဂ။ကာလဗေဒင်ကို ကြည့်သောသူ၊ 
ဃ။ နတ်ဆိုးနှင့်ပေါင်းသောသူ၊
 င။လူသေကို မေးမြန်းသောသူ 
စ။ စက်ဆုပ်ရွံ့ရှာတော်မူ၏။ ထိုစက်ဆုပ်ရွံ့ရှာဘွယ်သော အမှုများ တို့တြေစုံတစ်ယောက်မျှမရှိရ။
 ၂၅။ဗတ္တိဇ့ကိုမခံဘဲ နေသောသူသည် ဘုရားသခင်ငြှင်းပယ်သောသူဖြစ်၏
 ငါဆိုသည်ကား မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံ ဆရာယောဟန်ထက် ကြီးမြတ်သော ပရောဖက်တယောက်မျှမရှိ။ သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်တွင် အငယ်ဆုံး သောသူသည် ထိုသူထက်သာ၍ကြီးမြတ်၏။
အခွန်ခံသူမှစ၍ လူအပေါင်းတို့သည် ယောဟန်၏ စကားကိုကြားနာရလျှင်၊ ဘုရားသခင်ကိုချီးမွမ်း၍ ယောဟန်ပေးသော ဗတ္တိဇံ ကိုခံကြ၏။
 ဖာရိရှဲနှင့်ကျမ်းတတ် တို့မူကား၊ သူတို့အကျိုးအလိုငှါ ဘုရားသခင်ကြံစည်တော်မူသော ကျေးဇူးတော်ကိုပယ်၍ ယောဟန်၏ ဗတ္တိဇံ ကို မခံဘဲနေကြ၏။ 
ရှင်လုကာခရစ်ဝင်ကျမ်း ၇း၂၈-၃၀
 က။ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံ ဆရာယောဟန်ထက် ကြီးမြတ်သော ပရောဖက်တယောက်မျှမရှိ။
ခ။ သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်တွင် အငယ်ဆုံး သောသူသည် ထိုသူထက်သာ၍ကြီးမြတ်၏။
ဂ။အခွန်ခံသူမှစ၍လူအပေါင်းတို့သည် ယောဟန်၏စကားကိုကြားနာရလျှင်၊ဘုရားသခင်ကိုချီးမွမ်း၍ ယော
ဟန်ပေးသောဗတ္တိဇံကိုခံကြ၏။
ဃ။ဖာရိရှဲနှင့်ကျမ်းတတ်တို့မူကား၊သူတို့အကျိုးအလိုငှါဘုရားသခင်ကြံစည်တော်မူသော ကျေးဇူးတော်ကိုပယ်၍ ယောဟန်၏ ဗတ္တိဇံ ကို မခံဘဲနေကြ၏။

No comments:

Post a Comment