![]() |
ဗျာဒိတ်ကျမ်းစာ၌ ဘေးဒဏ်ကြီး ခုနှစ်ပါး
ဗျာဒိတ်ကျမ်း၌ အနာဂတ္တိစကားတော်များ ဘေဒဏ်ကြီးခုနှစ်ပါး
တဖန်တုံ၊ဘုရားသခင်၏အမျက်တော်ကိုပြီးစီးစေသော နောက်ဆုံးဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန်
ခုနစ်ပါးတည်းဟူသော ကောင်းကင်၌အံ့ဘွယ်သောနိမိတ်ကြီးအခြားတပါးကိုငါမြင်ရ၏။မီးနှင့်ရောသောဖန်ရေ
ကန်ကဲ့သို့ရှိသည်ကိုလည်း မြင်ရ၏။သားရဲနှင့်၎င်း၊သူ၏ရုပ်တုနှင့်၎င်း၊သူ၏နာမအရေအတွက်နှင့်၎င်း၊လွတ်၍
အောင်မင်သောသူတို့သည်၊ဘုရားသခင်၏ စောင်းတော်တို့ကိုကိုင်လျက်၊ဖန်ရေကန်နားမှာရပ်နေကြသည်ကို
မြင်ရ၏။ထိုသူတို့သည်ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့်သိုးသငယ်၏သီချင်းကိုသီ၍အနန္တတန်ခိုးနှင့်
ပြည့်စုံတော်မူသောထာဝရအရှင်ဘုရားသခင်၊ကိုယ်တော်၏အပြုအမူတို့သည် ကောင်းမြတ်၍အံ့သြဘွယ်ဖြစ်
ကြပါ၏။လူမျိုးတို့၏ဘုရင်၊ကိုယ်တော်၏အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။အိုထာဝရဘုရား၊
ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ၊နာမတော်ကိုမချီးမွမ်းဘဲအဘယ်သူနေရပါအံ့နည်း၊ကိုယ်တော်တပါးတည်းသာ
လျှင်သန့်ရှင်းတော်မူ၏။တရားသဖြင့်စီရင်တော်မူခြင်းအရာတို့သည်ထင်ရှားသည်ဖြစ်၍၊လူမျိုးအပေါင်းတို့သည် လာ၍ ရှေ့တော်၌ကိုးကွယ်ကြပါလိမ့်မည်ဟု
လျှောက်ဆိုကြ၏။ထိုနောက်ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌သက်
သေခံတော်မူချက်ဌာပနာရာတဲတော်ရှိသောဗိမာန်တော်ကိုဖွင့်ထားပြီ။ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်
တမန်ခုနစ်ပါးတို့သည်စင်ကြယ်ပြောင်လက်သောပိုက်ဆန်အဝတ်ကိုဝတ်လျက်၊ရင်၌ရွှေရင်စည်းကိုစည်းလျက် ဗိမာန်တော်ထဲကထွက်လာကြ၏။သတ္တဝါလေးပါးတွင်တပါးသည်ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသော
ဘုရားသခင်၏အမျက်တော်
နှင့်ပြည့်သောရွှေဖလားခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးတို့အား ပေး၏။ဘု
ရားသခင်၏ဘုန်းတန်ခိုးအာနုဘော်တော်ကြောင့်၊ဗိမာန်တော်သည်မီးခိုးနှင့်ပြည့်စုံ၍ ကောင်းကင်တမန်ခုနစ်ပါး
၏ ဘေးဒဏ်ခုနစ်ပါးမကုန်မီတိုင်အောင်ဗိမာန်တော်ထဲသို့အဘယ်သူမျှမဝင်နိုင်။ဗိမာန်တော်ထဲကကြီးသောအ
သံကား၊သွားကြလော့။ဘုရားသခင်၏အမျက်တော်ဖလားခုနစ်လုံးကို မြေကြီးပေါ်သို့သွန်းလောင်းကြလော့ဟု
ကောင်းကင်တမန်ခုနစ်ပါးတို့အား ပြောဆိုသည်ကိုငါကြား၏။ပဌမသူသည်သွား၍မိမိဖလားကို မြေကြီးပေါ်
သို့သွန်းလောင်းလျှင်၊သားရဲ၏တံဆိပ်လက်မှတ်ကိုခံ၍သူ၏ရုပ်တုကိုကိုးကွယ်သောလူတို့၌အလွန်ဆိုးသောအ
နာစိမ်း ပေါက်လေ၏။ဒုတိယကောင်းကင်တမန်သည်မိမိဖလားကိုပင်လယ်ပေါ်သို့သွန်းလောင်းလျှင်၊ပင်လယ်
သည်လူသေ၏အသွေးကဲ့သို့သောအသွေးဖြစ်၏။ပင်လယ်၌သက်ရှင်သောသတ္တဝါအပေါင်းတို့သည်
သေကြ၏။
တတိယကောင်းကင်တမန်သည်မိမိဖလားကို မြစ်ပေါ်သို့၎င်း၊စမ်းရေတွင်းပေါ်သို့၎င်းသွန်းလောင်းလျှင်၊ထိုအရာ
တို့သည်အသွေးဖြစ်ကြ၏။ ကောင်းကင်တမန်ကလည်းပစ္စုပ္ပန်၊အတိတ်၊အနာဂါတ်ကာလအစဉ်ရှိတော်မူသော အရှင်၊ကိုယ်တော်သည်ဤသို့တရားစီရင်တော်မူသည်အမှုမှာ ဖြောင့်မတ်တော်မူ၏။ထိုသူတို့သည်သန့်ရှင်းသူ
တို့၏အသွေး၊ပရောဖက်တို့၏အသွေးကိုသွန်းလောင်းကြသည်ဖြစ်၍၊သူတို့အားအသွေးကိုတိုက်တော်မူပြီ။သူတို့
လည်းခံထိုက်ကြပါ၏ဟု
လျှောက်ဆိုသည်ကိုငါကြား၏။ယဇ်ပုလ္လင်ကလည်းမှန်ပါ၏။အနန္တတန်ခိုးနှင့် ပြည့်စုံတော်
မူသောထာဝရအရှင်ဘုရားသခင်၊ကိုယ်တော်စီရင်တော်မူခြင်းအရာတို့သည်ဟုတ်မှန်ဖြောင့်မတ်ကြပါ၏ဟု
လျှောက်ဆိုသောအသံကိုငါကြား၏။စတုတ္ထကောင်းကင်တမန်သည်မိမိဖလားကို နေပေါ်သို့သွန်းလောင်းလျှင်၊
နေသည်လူတို့ကိုမီးလောင်ရသောအခွင့်ကိုရ၏။ပူအားကြီးသောအရှိန်ဖြင့်လူတို့သည် လောင်ခြင်းကိုခံရ၍၊ထို
ဘေးဒဏ်တို့ကိုအစိုးပိုင် တော်မူသောဘုရားသခင်၏နာမတော်ကိုကျိန်ဆဲကြ၏။ဘုရားသခင်ကိုချီးမွမ်းခြင်းအလို
ငှါ နောင်တမရကြ။ပဉ္စမ ကောင်းကင်တမန်သည်မိမိဖလားကိုသားရဲ၏ပလ္လင်ပေါ်သို့သွန်းလောင်းလျှင်၊သူ၏နိုင်
ငံသည် မှောင်မိုက်အတိ ဖြစ်လေ၏။ နိုင်ငံသားတို့သည်ပင်ပန်းအားကြီးသည်နှင့်မိမိတို့လျှာကိုကိုက်ခဲကြ၏။မိမိ
တို့ခံရသောဝေဒနာနှင့်အနာစိမ်းများကြောင့် ကောင်းကင်ဘုံ၏အရှင်ဘုရားသခင်ကိုကျိန်ဆဲကြ၏။မိမိတို့အကျင့်
ကိုလည်း နောင်တမရကြ။ဆဌမကောင်းကင်တမန်သည်မိမိဖလားကိုဥဖရတ်မြစ်ကြီးပေါ်သို့သွန်းလောင်းလျှင်၊
အရှေ့မျက်နှာဘုရင်တို့သွားရာလမ်းကို ပြင်ဆင်စေခြင်းအလိုငှါထိုမြစ်ရေသည်ခမ်းခြောက်လေ၏။ထိုအခါ၊နဂါ၏
ခံတွင်းထဲက၎င်း၊သားရဲ၏ခံတွင်းထဲက၎င်း၊မိစ္ဆာပရောဖက်၏ခံတွင်းထဲက၎င်း၊ဘားကောင်ကဲ့သို့ညစ်ညူးသော
ဝိညာဉ်သုံးပါးထွက်သည်ကိုငါမြင်၏။နိမိတ်လက္ခဏာတို့ကိုပြသောနတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ထိုဝိညာဉ်တို့
သည် လောကီတနိုင်ငံလုံးတွင်ရှိသောရှင်ဘုရင်တို့ထံသို့ထွက်သွား၍၊အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသောဘုရား
သခင်၏ နေ့ကြီး၌စစ်တိုက်ခြင်းအလိုငှါစုဝေးကြ၏။ ဟေဗြဲဘာသာအားဖြင့်အာမဂေဒုန်အမည်ရှိသောအရပ်၌စု
ဝေးစေကြ၏။အသံတော်ကား၊သူခိုးကဲ့သို့ငါလာ၏။အဝတ်အချည်းစည်းနှင့်သွားလာ၍သူတပါးရှေ့၌ရှက်စရာအ
ကြောင်းမရှိစေခြင်းငှါ နိုးလျက်နေ၍၊ကိုယ်အဝတ်ကိုစောင့်သောသူသည်မင်္ဂလာရှိ၏။သတ္တမကောင်းကင်တမန်
သည်မိမိဖလားကိုအာကာသကောင်းကင်ပေါ်သို့သွန်းလောင်းလျှင်၊ပြီးပြီဟုကြီးသောအသံသည် ကောင်းကင်ဗိ
မာန်တော်၌ရှိသောပလ္လင်တော်ထဲကထွက်၏။လျှပ်စစ်ပြက်ခြင်း၊အသံမြည်ခြင်း၊မိုဃ်းချုန်းခြင်း၊ကြီးစွာသောမြေ
လှုပ်ခြင်းဖြစ်ကြ၏ မြေကြီးအပေါ်မှာလူတို့ဖြစ်သည့်ကာလမှစ၍ထိုသို့သောလက္ခဏာနှင့်ထိုမျှလောက် ပြင်းထန်
စွာသောမြေလှုပ်ခြင်းသည်မဖြစ်စဖူမြို့ကြီးသည်သုံးဖြာကွဲပြား၍လူအမျိုးမျိုးနေသောမြို့တို့သည်ပြိုလဲကြ၏။ဘုရား
သခင်သည် ပြင်းစွာ သောဒေါသအမျက်တော်၏စပျစ်ရည်ဖလားကိုတိုက်ခြင်းငှါဗာဗုလုန်မြို့ကြီးကို အောက်မေ့
တော်မူ၏။ကျွန်းရှိသမျှတို့သည်လွင့်ပြေးကြ၏။ တောင်များတို့သည်ကွယ်ပျောက်ကြ၏။အချိန်အခွက်တဆယ်ရှိ
သောမိုဃ်းသီးသည် ကောင်းကင်ကလူတို့အပေါ်သို့ကျလေ၏။ထိုမိုဃ်းသီးဘေးဒဏ်အလွန်ကြီးသည်ဖြစ်၍၊လူတို့
သည်မိုဃ်းသီးဘေးဒဏ်ကြောင့်ဘုရားသခင်ကိုကျိန်ဆဲကြ၏။
၁။ဘေဒဏ်ကြီးခုနှပါး အဘယ်သို့ခေါ်သနည်းလျှောက်ဆိုသောအသံကိုငါကြား၏။စတုတ္ထကောင်းကင်တမန်သည်မိမိဖလားကို နေပေါ်သို့သွန်းလောင်းလျှင်၊
နေသည်လူတို့ကိုမီးလောင်ရသောအခွင့်ကိုရ၏။ပူအားကြီးသောအရှိန်ဖြင့်လူတို့သည် လောင်ခြင်းကိုခံရ၍၊ထို
ဘေးဒဏ်တို့ကိုအစိုးပိုင် တော်မူသောဘုရားသခင်၏နာမတော်ကိုကျိန်ဆဲကြ၏။ဘုရားသခင်ကိုချီးမွမ်းခြင်းအလို
ငှါ နောင်တမရကြ။ပဉ္စမ ကောင်းကင်တမန်သည်မိမိဖလားကိုသားရဲ၏ပလ္လင်ပေါ်သို့သွန်းလောင်းလျှင်၊သူ၏နိုင်
ငံသည် မှောင်မိုက်အတိ ဖြစ်လေ၏။ နိုင်ငံသားတို့သည်ပင်ပန်းအားကြီးသည်နှင့်မိမိတို့လျှာကိုကိုက်ခဲကြ၏။မိမိ
တို့ခံရသောဝေဒနာနှင့်အနာစိမ်းများကြောင့် ကောင်းကင်ဘုံ၏အရှင်ဘုရားသခင်ကိုကျိန်ဆဲကြ၏။မိမိတို့အကျင့်
ကိုလည်း နောင်တမရကြ။ဆဌမကောင်းကင်တမန်သည်မိမိဖလားကိုဥဖရတ်မြစ်ကြီးပေါ်သို့သွန်းလောင်းလျှင်၊
အရှေ့မျက်နှာဘုရင်တို့သွားရာလမ်းကို ပြင်ဆင်စေခြင်းအလိုငှါထိုမြစ်ရေသည်ခမ်းခြောက်လေ၏။ထိုအခါ၊နဂါ၏
ခံတွင်းထဲက၎င်း၊သားရဲ၏ခံတွင်းထဲက၎င်း၊မိစ္ဆာပရောဖက်၏ခံတွင်းထဲက၎င်း၊ဘားကောင်ကဲ့သို့ညစ်ညူးသော
ဝိညာဉ်သုံးပါးထွက်သည်ကိုငါမြင်၏။နိမိတ်လက္ခဏာတို့ကိုပြသောနတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ထိုဝိညာဉ်တို့
သည် လောကီတနိုင်ငံလုံးတွင်ရှိသောရှင်ဘုရင်တို့ထံသို့ထွက်သွား၍၊အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသောဘုရား
သခင်၏ နေ့ကြီး၌စစ်တိုက်ခြင်းအလိုငှါစုဝေးကြ၏။ ဟေဗြဲဘာသာအားဖြင့်အာမဂေဒုန်အမည်ရှိသောအရပ်၌စု
ဝေးစေကြ၏။အသံတော်ကား၊သူခိုးကဲ့သို့ငါလာ၏။အဝတ်အချည်းစည်းနှင့်သွားလာ၍သူတပါးရှေ့၌ရှက်စရာအ
ကြောင်းမရှိစေခြင်းငှါ နိုးလျက်နေ၍၊ကိုယ်အဝတ်ကိုစောင့်သောသူသည်မင်္ဂလာရှိ၏။သတ္တမကောင်းကင်တမန်
သည်မိမိဖလားကိုအာကာသကောင်းကင်ပေါ်သို့သွန်းလောင်းလျှင်၊ပြီးပြီဟုကြီးသောအသံသည် ကောင်းကင်ဗိ
မာန်တော်၌ရှိသောပလ္လင်တော်ထဲကထွက်၏။လျှပ်စစ်ပြက်ခြင်း၊အသံမြည်ခြင်း၊မိုဃ်းချုန်းခြင်း၊ကြီးစွာသောမြေ
လှုပ်ခြင်းဖြစ်ကြ၏ မြေကြီးအပေါ်မှာလူတို့ဖြစ်သည့်ကာလမှစ၍ထိုသို့သောလက္ခဏာနှင့်ထိုမျှလောက် ပြင်းထန်
စွာသောမြေလှုပ်ခြင်းသည်မဖြစ်စဖူမြို့ကြီးသည်သုံးဖြာကွဲပြား၍လူအမျိုးမျိုးနေသောမြို့တို့သည်ပြိုလဲကြ၏။ဘုရား
သခင်သည် ပြင်းစွာ သောဒေါသအမျက်တော်၏စပျစ်ရည်ဖလားကိုတိုက်ခြင်းငှါဗာဗုလုန်မြို့ကြီးကို အောက်မေ့
တော်မူ၏။ကျွန်းရှိသမျှတို့သည်လွင့်ပြေးကြ၏။ တောင်များတို့သည်ကွယ်ပျောက်ကြ၏။အချိန်အခွက်တဆယ်ရှိ
သောမိုဃ်းသီးသည် ကောင်းကင်ကလူတို့အပေါ်သို့ကျလေ၏။ထိုမိုဃ်းသီးဘေးဒဏ်အလွန်ကြီးသည်ဖြစ်၍၊လူတို့
သည်မိုဃ်းသီးဘေးဒဏ်ကြောင့်ဘုရားသခင်ကိုကျိန်ဆဲကြ၏။
တဖန်တုံ၊ဘုရားသခင်၏အမျက်တော်ကိုပြီးစီးစေသော နောက်ဆုံးဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန်ခုနစ်ပါး
တည်း ဟူသော ကောင်းကင်၌အံ့ဘွယ်သော နိမိတ်ကြီးအခြားတပါးကို ငါမြင်ရ၏။ဗျာဒတ်ကျမ်း ၁၅း၁
မှတ်ချက်။ဘုရားသခင်၏အမျက်တော်
၂။ ဘုရားသခင်တရားစှခြင်းရာ၌ လူဆိုးတို့အဘယ်သို့ တရားစီရင်ခြင်းထံရမည်သနည်း
ထိုသူသည်ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသောအမျက်တော်စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။သန့်ရှင်းသော
ကောင်းကင်တမန်တို့ရှေ့၊သိုးသငယ်ရှေ့တွင်ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာသောညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။
ဗျာဒိတ်ကျမ်း ၁၄း၁၀
ပဌမသူသည်သွား၍မိမိဖလားကို မြေကြီးပေါ်သို့သွန်းလောင်းလျှင်၊သားရဲ၏တံဆိပ်လက်မှတ်ကိုခံ၍သူ၏ရုပ်တုကို
ကိုးကွယ်သောလူတို့၌ အလွန်ဆိုးသောအနာစိမ်း ပေါက်လေ၏။ဗျာဒတ်ကျမ်း ၁၆း၂
မှတ်ချက်။
၁။ထိုသူသည်ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသောအမျက်တော်စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။
၂။သားရဲ၏တံဆိပ်လက်မှတ်ကိုခံ၍သူ၏ရုပ်တုကိုကိုးကွယ်သောလူတို့၌အလွန်ဆိုးသောအနာစိမ်း ပေါက်လေ၏။
၃။ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာသောညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
၃။ဘေးဒဏ်ကြီးခုနှစ်ပါးကနေ အဘယ်သို့လွတ်နိုင်မည်သနည်း
မီးနှင့်ရောသောဖန်ရေကန်ကဲ့သို့ရှိသည်ကိုလည်း မြင်ရ၏။သားရဲနှင့်၎င်း၊သူ၏ရုပ်တုနှင့်၎င်း၊သူ၏နာမအရေအတွက်နှင့်
၎င်း၊လွတ်၍အောင်မြင်သောသူတို့သည်၊ဘုရားသခင်၏ စောင်းတော်တို့ကိုကိုင်လျက်၊ဖန်ရေကန်နားမှာရပ်နေကြသည်
ကို မြင်ရ၏။ဗျာဒိတ်ကျမ်း ၁၅း၂
မှတ်ချက်နှင့်အဖြေ။သမ္မာကျမ်း၌ဖော်ပြချက်မှာ သားရဲ၏ အမှတ်တံဆိပ်ကို နဖူး၌ ဖြစ်စေ လက်၌ ဖြစ်စေ အခံယူဘို့ သတိပေးခြင်း တနှင်္ဂနွေနေ့ ကိုလက်မခံဘို့ပါဘဲကျွန်ပ်တို့အခုနေထားအရ နောက်မကြသေးပါဘူး
ဘုရားသခင်၏ မှတ်တံဆိပ် ကိုလက်ခံ လို့ရှိ ရင် ဘေးဒဏ်ခုနှစ်ပါးကနေပြီးလွတ်မြောက်ပါပြီ
၎။ဘေးဒဏ်ခုနှစ်ပါးမှလွတ်မြောက် သောသူအဘယ်သူချီးမွမ်းသီချင်းဆိုကြမည်သည်း
ထိုသူတို့သည်ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့်သိုးသငယ်၏သီချင်းကိုသီ၍အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော
ထာဝရအရှင်ဘုရားသခင်၊ကိုယ်တော်၏အပြုအမူတို့သည် ကောင်းမြတ်၍အံ့သြဘွယ်ဖြစ်ကြပါ၏။လူမျိုးတို့၏ဘုရင်၊ကိုယ်
တော်၏အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။အိုထာဝရဘုရား၊ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ၊နာမတော်ကိုမချီး
မွမ်းဘဲအဘယ်သူနေရပါအံ့နည်း၊ကိုယ်တော်တပါးတည်းသာလျှင်သန့်ရှင်းတော်မူ၏။တရားသဖြင့်စီရင်တော်မူခြင်းအရာတို့
သည်ထင်ရှားသည်ဖြစ်၍၊လူမျိုးအပေါင်းတို့သည်လာ၍ ရှေ့တော်၌ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။
ဗျာဒိတ်ကျမ်း ၁၅း၃-၎
ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။
၅။ကယ်တင်ခြင်းနောက် ဆုံးလမ်းသို့ ရောက်သောအခါ
ဘေးဒဏ်ခုနှစ်ပါး အဘယ်တော့ ကျရောမှာလဲ
ဘုရားသခင်၏ ဘုန်းတန်ခိုးအာနုဘော်တော်ကြောင့်၊ ဗိမာန်တော်သည်
မီးခိုးနှင့်ပြည့်စုံ၍ ကောင်းကင်တမန်ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး
မကုန်မီတိုင်အောင် ဗိမာန်တော် ထဲသို့ အဘယ်သူမျှမဝင်နိုင်။
၆။ယေရှုခရစ်တော်အဘယိသု့အမိန့်တော် မူသနည်း
မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး
သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။
သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။
ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ဗျာဒိတ်ကျမ်း ၂၂း၁၂
၇။အခွင့်အရေး နစ်ခါမရှိဘာ ဘယ်တော့နောင်တရ ကြမည်သနည်း
ပဉ္စမ ကောင်းကင်တမန်သည် မိမိဖလားကို
သားရဲ၏ပလ္လင်ပေါ်သို့ သွန်းလောင်း လျှင်၊ သူ၏နိုင်ငံသည် မှောင်မိုက်အတိ
ဖြစ်လေ၏။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့် မိမိတို့လျှာကို
ကိုက်ခဲကြ၏။
မိမိတို့ခံရသောဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ကျိန်ဆဲကြ၏။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ။
ဆဌမကောင်းကင်တမန်သည် မိမိဖလားကို ဥဖရတ်မြစ်ကြီးပေါ်သို့ သွန်းလောင်းလျှင်၊
အရှေ့မျက်နှာ ဘုရင်တို့သွားရာလမ်းကို ပြင်ဆင်စေခြင်းအလိုငှါ ထိုမြစ်ရေသည်
ခမ်းခြောက်လေ၏။ဗျာဒတ်ကျမ်း၁၆း၁၁-၁၂
မှတ်ချက်။ ဘေးဒဏ်ကြီးခုနှစ်ပါးကျပြီးမှာ ဆိုရင်တော့ မိတ်ဆွေအတွက် အခွင့်လုံးဝမရှိတော့ဘူး
၈။ဘေးဒဏ်ကြီး ခုနှစ်ပါး အဘယ်မျှလောက်ကြမြင့်မည်သနည်း
ထိုကြောင့်၊ သူခံရေသော သေခြင်းဘေး၊ စိတ်မသာညည်းတွားခြင်းဘေး၊
မွတ်သိပ်ခြင်း ဘေးဒဏ်များတို့နှင့် တနေ့ချင်းတွင် တွေ့၍၊ မီးဖြင့်လည်း
ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကိုစီရင်တော်မူသော
ထာဝရအရှင်ဘုရားသခင်သည် ခွန်အားဗလကြီးတော်မူ၏။ဗျာဒိတ်ကျမ်း၁၈း၈
ထိုနေ့ ရက်စေ့ပြီးမှ၊ တဖန်လက်ျာ နံစောင်းဖြင့်အိပ်၍၊ အရက်လေးဆယ်ပတ်လုံး ယုဒအမျိုး၏ အပြစ်ကိုခံဦးလော့။ နှစ်အ စား၌ ရက်ကိုငါထားပြီ။ယေဇကျေလအနာဂတ္တိကျမ်း ၄း၆
၉။ဘုရားသခင်၏ တရားစီရင်ခြင်းသည်အဘယ်သို့ခေါ်သနည်း
ထာဝရဘုရားသည် အမှုတော်တည်းဟူသော၊ ထူးခြားသော
အမှုတော်ကိုပြုခြင်းငှါင်း၊ အလုပ်တော်တည်းဟူသော၊
လုပ်မြဲမဟုတ်သောအလုပ်တော်ကို လက်စသတ်ခြင်းငှါင်း၊ ပေရဇိမ်တောင်ပေါ်မှ
ပြုသကဲ့သို့ ထတော်မူမည်၊၊ ဂိဗောင်ချိုင့်ထဲမှာရှိသကဲ့သို့
အမျက်ထွက်တော်မူမည်၊၊ဟေရှာယအနာဂတ္တိကျမ်း ၂၈း ၂၁
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါအသက်ရှင်သည်အတိုင်း၊
ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်၊၊ ဆိုးသောသူသည်
အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်၊၊ ဆိုးသောလမ်းမှလွဲ၍
အသက်ရှင်ခြင်းအမှုကိုသာငါနှစ်သက်၏၊၊ အိုဣသရေလအမျိုးသးတို့
သင်တို့လိုက်သောလမ်းဆိုးမှလွှဲကြလော့၊ လွှဲ ကြလော့၊
အဘယ်ကြောင့်အသေခံလိုကြသနည်း။ယေဇကျေးလအနာဂတ္တိကျမ်း ၃၃း ၁၁
ထာဝရ ဘုရားသည် စိတ်ရှည်တော်မူ၏။ တန်ခိုးလည်းကြီးတော်မူ၏။ သို့ရာတွင်
အပြစ်တည်သောသူတို့ကို အပြစ်မှလွှတ် တော်မမူ။ ထာဝရဘုရားသည် လေဘွေ၌င်း၊
မိုဃ်းသက်မုန်တိုင်း၌င်း ကြွတော်မူ၍၊ မိုဃ်းတိမ်တို့သည် စက်တော် အောက်၌
မြေမှုန့်ကဲ့သို့ဖြစ်ကြ၏။
နာဟုံအနာဂတ္တိကျမ်း ၁း ၃
၁၀။အဆိုးဝါးဆို ဘေးဒဏ်ကြီး ခုနှစ်ပါး
ပဌမသူသည် သွား၍မိမိဖလားကို မြေကြီးပေါ်သို့သွန်းလောင်းလျှင်၊ သားရဲ၏တံဆိပ်
လက်မှတ်ကိုခံ၍ သူ၏ရုပ်တုကို ကိုးကွယ်သောလူတို့၌ အလွန်ဆိုးသောအနာစိမ်း
ပေါက်လေ၏။ ဗျာဒိတ်ကျမ်း ၁၆း၂
ခြေဘဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်းမရှိ။ စုတ်ရှသောအနာ၊
ထိခိုက်၍ ရောင်သောအနာ၊ ရိယွဲသောအနာ သက်သက်ရှိ၏။ ထိုအနာများကို
မနှိပ်မနယ်ရ၊၊ အဝတ်နှင့်မစည်းရ၊၊ ဘယောင်းဆီနှင့် မပြော့စေရသေး၊၊ ဟေရှာယအနာဂတ္တိကျမ်း ၁း၆
၁၁။ အဘယ်သို့ဘေးဒဏ် နစ်ပါးကျရောက်မည်သနည်း
ဒုတိယကောင်း ကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့သွန်းလောင်းလျှင်၊
ပင်လယ်သည် လူသေ၏အသွေးကဲ့ သို့သော အသွေးဖြစ်၏။ ပင်လယ်၌သက်ရှင်သော
သတ္တဝါအပေါင်းတို့သည် သေကြ၏။ ဗျာဒိတ်ကျမ်း ၁၆း ၃
ငွေရတတ် သောသူ၊ ဆင်းရဲသောသူ၊
ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီးအငယ်ရှိသမျှတို့သည် လက်ျာလက်၌ဖြစ်စေ၊
နဖူး၌ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှါ၎င်း၊
ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏နာမဖြစ်စေ၊ နာမ၏အရေအတွက်ဖြစ်စေ၊ တခုခုကိုမခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှါ၎င်း စီရင်၏။ဗျာဒိတ်ကျမ်း ၁၃း၁၆-၁၇
၁၂။ ဘေးဒဏ် သုံးပါး အဘယ်သို့ရှိသနည်း
တတိယကောင်းကင်တမန်သည် မိမိဖလားကို မြစ်ပေါ်သို့ ၎င်း၊ စမ်းရေတွင်းပေါ်သို့၎င်း သွန်းလောင်းလျှင်၊ ထိုအရာတို့သည် အသွေးဖြစ်ကြ၏။
ကောင်းကင်တမန်ကလည်း ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်ကာလ အစဉ်ရှိတော်မူသော အရှင်၊
ကိုယ်တော် သည် ဤသို့တရားစီရင်တော်မူသည် အမှုမှာ ဖြောင့်မတ်တော်မူ၏။
ထိုသူတို့သည် သန့်ရှင်းသူတို့၏အသွေး၊ ပရောဖက်တို့၏အသွေးကို သွန်းလောင်း
ကြသည်ဖြစ်၍၊ သူတို့အားအသွေးကို တိုက်တော်မူပြီ။ သူတို့လည်း ခံထိုက်ကြပါ၏ဟု
လျှောက်ဆိုသည်ကို ငါကြား၏။
ယဇ်ပုလ္လင်ကလည်း မှန်ပါ၏။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော
ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင်တော် မူခြင်းအရာတို့သည်
ဟုတ်မှန်ဖြောင့်မတ် ကြပါ၏ဟု လျှောက်ဆိုသောအသံကို ငါကြား၏။ ဗျာဒိတ်ကျမ်း ၁၆း၎-၇
သားရဲ၏ရုတ်တုသည် စကားပြောနိုင်မည်အကြောင်းနှင့်၊
မိမိကိုမကိုးကွယ်သောသူ ရှိသမျှ တို့ကို သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊
ရုတ်တု၌ အသက်ကိုသွင်းပေးရသော အခွင့်ကိုလည်းရ၏။
ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃း ၁၅
ခိုင်ခံ့သော ကျောက်မြို့၌ ခိုလှုံလိမ့်မည်၊၊ ထိုသူအား အစာကို အစဉ်ပေးရလိမ့်မည်၊၊ သောက်ရေလည်း မပြတ်ရ။
ဟေရှာယအနာဂတ္တိကျမ်း ၃၃း၁၆
၁၃။ဘေးဒဏ်တပါးသည် အဘယ်သို့ဖြစ်သနည်း
စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့သွန်းလောင်းလျှင်၊ နေသည် လူတို့ကို မီးလောင် ရသောအခွင့်ကိုရ၏။
ပူအားကြီးသော အရှိန်ဖြင့် လူတို့သည် လောင်ခြင်းကိုခံရ၍၊ ထိုဘေး ဒဏ်တို့ကို
အစိုးပိုင် တော်မူသော ဘုရားသခင်၏နာမတော်ကို ကျိန်ဆဲကြ၏။ ဘုရားသခင်ကို
ချီးမွမ်းခြင်း အလိုငှါ နောင်တမရကြ။
ဗျာဒိတ်ကျမ်း အခန်းကြီး ၁၆း ၈-၉
ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရဘုရား၏ နေ့ရက်နီးပြီး။ အနန္တတန်ခိုးရှင်ဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်။
ငါတို့စား စရာသည် ငါတို့မျက်မှောက်၌ ပြတ်သည် မဟုတ်လော။ ငါတို့ဘုရားသခင်၏
အိမ်တော်၌ ဝမ်မြောက်ရွှင်လန်းခြင်း အကြောင်းလည်း ပြတ်သည်မဟုတ်လော။
မျိုးစေ့တို့သည် မြေစိုင်အောက်မှာ ပုပ်ကြ၏။ စပါးပြတ်သောကြောင့် စပါးကျီတို့သည် ပျက်ကြ၏။ ဘဏ္ဍာတိုက်တို့သည် ပြိုကြ၏။
တိရစ္ဆာန်တို့သည် အလွန်မြည်းတမ်းကြ၏။ နွားစုတို့သည် ကျက်စားရာအရပ်မရှိသောကြောင့် ပင်ပန်းကြ၏။ သိုးစုတို့သည်လည်း သေကြ၏။
အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ဟစ်ကြော်ပါ၏။
တော၌ကျက်စားရာအရပ်တို့ကို မီးရှို့ပါပြီ။ တောသစ်ပင်ရှိသမျှတို့ကို
မီးလျှံလောင်ပါပြီ။
တောသားရဲတို့သည်လည်း ကိုယ်တော်ကို ဟစ်ကြော်ကြပါ၏။ မြစ်ရေခန်းခြောက်ပါပြီ။ တော၌ကျက်စားရာအရပ်တို့ကိုလည်း မီးလောင်ပါပြီ။
ယောလအနာဂတ္တိကျမ်း ၁း ၁၅-၂၀
၁၄။ဘေးဒဏ်ကြီး ငါမျိုးတို့အဘယ်သို့ဖြစ်သနည်း။
ပဉ္စမ ကောင်းကင်တမန်သည် မိမိဖလားကို သားရဲ၏ပလ္လင်ပေါ်သို့
သွန်းလောင်း လျှင်၊ သူ၏နိုင်ငံသည် မှောင်မိုက်အတိ ဖြစ်လေ၏။
နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့် မိမိတို့လျှာကို ကိုက်ခဲကြ၏။ဗျာဒိတ်ကျမ်း ၁၆း၁၀
ထိုသို့ ငါမြင်သောသားရဲသည် ကျားသစ်နှင့်တူ၏။
သူ၏ခြေသည် ဝံခြေကဲ့သို့ဖြစ်၏။ သူ၏နှုတ်သည်လည်း ခြင်္သေ့နှုတ်ကဲ့သို့ဖြစ်၏။
နဂါးသည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကို၎င်း ကြီးစွာ သောအာဏာစက်ကို၎င်း
သားရဲ၌အပ်ပေး၏။ဗျာဒိတ်ကျမ်း ၁၆း ၁၀
သားရဲ၏ခေါင်းတလုံးသည် သေအောင်ကွပ်မျက်ပြီးသကဲ့သို့ ဖြစ်၍၊
သေစေသောဒဏ်ချက်သည် ပျောက်လျက်ရှိ၏။ မြေကြီးသား အပေါင်းတို့သည်
သားရဲနောက်သို့လိုက်၍ အံ့သြကြ၏။
ထိုသားရဲ၌ အာဏာစက်ကိုအပ်ပေးသော နဂါးကိုကိုး ကွယ်ကြ၏။ သားရဲကိုလည်း
ကိုးကွယ်၍။ အဘယ်သူသည် သားရဲနှင့်တူသနည်း။ အဘယ်သူသည်
သူ့ကိုစစ်ပြိုင်နိုင်သနည်းဟု ပြောဆိုကြ၏။
ထိုသားရဲသည်လည်း ကြီးစွာသောစကားကို၎င်း၊ ဘုရားသခင်ကို ပြစ်မှားသောစကားကို၎င်း
ပြောတတ်သောနှုတ်နှင့် ပြည့်စုံ၍ လလေး ဆယ်နှစ်လပတ်လုံး စီရင်ရသော အခွင့်ကို
ရ၏။
ဘုရားသခင်ကို ပြစ်မှားသောစကားအားဖြင့် နာမတော်နှင့် တဲတော်ကို၎င်း၊ ကောင်းကင်သားတို့ကို၎င်း ပြစ်မှားခြင်းငှါ နှုတ်ကိုဖွင့်ထား၏။
သန့်ရှင်းသူတို့ကိုစစ်တိုက်၍ နိုင်ရသော အခွင့်ကိုရ၏။ အသီးအသီးဘာသာစကားကို
ပြောသောလူအမျိုးအနွှယ်ခပ်သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကို လည်းရ၏။
ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃း ၂-၇
တိုးတိုးပြော၍ မန္တန်သရဇ္ဈာယ်တတ်သော
နတ်ဝင်နှင့်စုန်းတို့၌ဆည်းကပ်ကြလော့ဟု သင်တို့အားဆိုလျှင်မူကား၊ လူတို့သည်
မိမိတို့ဘုရားသခင်၌ မဆည်းကပ်အပ်သလော၊၊ အသက်ရှင်သော သူ၏အမှုမှာ အသက်သေသော သူ၌
ဆည်းကပ်အပ်သလော၊၊
၂၀
တရားတော်ကိုင်း၊ သက်သေခံတော်မူချက်ကိုင်း နားထောင်ကြကုန်၊၊ သူတို့ပြော သော
စကားသည် နှုတ်ကပတ်တော်နှင့် မညီလျှင်၊ သူတို့၌အာရုဏ်မတက်သေး၊၊ ဟေရှာယအနာဂတ္တိကျမ်း ၈း
၁၉-၂၀
၁၅။ဘေးဒဏ်ကြီး ခြေက်မျိုးအထဲ၌ အဘယ်သို့ဖြစ်သနည်း
ဆဌမကောင်းကင်တမန်သည် မိမိဖလားကို ဥဖရတ်မြစ်ကြီးပေါ်သို့ သွန်းလောင်းလျှင်၊
အရှေ့မျက်နှာ ဘုရင်တို့သွားရာလမ်းကို ပြင်ဆင်စေခြင်းအလိုငှါ ထိုမြစ်ရေသည်
ခမ်းခြောက်လေ၏။
ထိုအခါ၊
နဂါ၏ခံတွင်းထဲက ၎င်း၊ သားရဲ၏ခံတွင်းထဲက၎င်း၊ မိစ္ဆာပရောဖက်၏ ခံတွင်းထဲက၎င်း၊
ဘားကောင်ကဲ့သို့ ညစ်ညူးသောဝိညာဉ်သုံးပါး ထွက်သည်ကို ငါမြင်၏။
နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည်
လောကီတနိုင်ငံလုံးတွင် ရှိသောရှင်ဘုရင်တို့ထံသို့ ထွက်သွား၍၊
အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌
စစ်တိုက်ခြင်းအလိုငှါ စုဝေးကြ၏။
ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်အမည်ရှိသော အရပ်၌ စုဝေးစေ ကြ၏။
အသံတော်ကား၊ သူခိုးကဲ့သို့ငါလာ၏။ အဝတ်အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌
ရှက်စရာအကြောင်းမရှိစေခြင်းငှါ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကိုစောင့်သောသူသည်
မင်္ဂလာရှိ၏။
ဗျာဒိတ်ကျမ်း ၁၆ ၁၂-၁၆
မိုဃ်းကောင်ကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်း တို့သည် မိမိတို့နေရာ အရပ်မှရွေ့ကြ၏။
လောကီ ဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍
ကျွန်များ၊ လူလွတ်များအပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာရှိသော
ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို
ခေါ်လျက်၊
ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူ၏မျက်နှာနှင့် သိုးသငယ်၏ အမျက်တော် ကိုကွယ်ကာ၍၊ ငါတို့ကိုဖုံးအပ်ကြပါ။
၁၇ အမျက်တော်ထင်ရှားသောနေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင် မည်နည်း ဟုပြောဆိုကြ၏။ဗျာဒိတ်ကျမ်း ၆ ၁၄-၁၇
၁၆။ယေရှုခရစ်တော်ကြွလာတော်မူသော အခါ၌ အဘယ်သို့သောဘေးဒဏ်ဖြစ်သနည်း
မိုဃ်းကောင်ကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်း တို့သည် မိမိတို့နေရာ အရပ်မှရွေ့ကြ၏။
လောကီ ဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍
ကျွန်များ၊ လူလွတ်များအပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာရှိသော
ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို
ခေါ်လျက်၊
ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူ၏မျက်နှာနှင့် သိုးသငယ်၏ အမျက်တော် ကိုကွယ်ကာ၍၊ ငါတို့ကိုဖုံးအပ်ကြပါ။
အမျက်တော်ထင်ရှားသောနေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင် မည်နည်း ဟုပြောဆိုကြ၏။ဗျာဒိတ်ကျမ်း ၆ ၁၄-၁၇
ကြည့်ရှုလော့၊၊ ထာဝရဘုရားသည် ပြည်တော်ကို လွတ်လပ်စေ၍ ပယ်ရှင်းမှောက်ထားသဖြင့်၊ ပြည်သားတို့ ကို ကွဲပြားစေတော်မူ၏၊၊
ထိုအခါ ယဇ်ပုရောဟိတ်သည် ဆင်းရဲသားကဲ့သို့င်း၊ သခင်သည်ကျွန်ကဲ့သို့င်း၊
သခင်မ သည် ကျွန်မကဲ့သို့င်း၊ ရောင်းသောသူသည် ဝယ်သောသူကဲ့သို့င်း၊
ကြွေးရှင်သည် ကြွေးတင်သောသူကဲ့သို့င်း၊ အတိုးစားသောသူသည်
အတိုးပေးသောသူကဲ့သို့င်း ဖြစ်ရလိမ့်မည်၊၊
တပြည်လုံးလွတ်လပ်၍ ရှင်းရှင်းပျက်စီးရလိမ့် မည်ဟူသော အရာကိုထာဝရဘုရားမိန့်တော်မူ၏၊၊
ပြည်တော်သည် ငြိုငြင်ညိ‡ုးငယ်ခြင်းရှိ၏၊၊ လောကသည်အားလျော့၍ ညှိုးငယ်ခြင်းရှိ၏၊၊ ဘုန်းကြီးသော ပြည်သားတို့သည် အားလျော့ကြ၏၊၊ ဟေရှာယအနာဂတ္တိကျမ်း ၂၄း ၁-၎
ငါသည် မြေကြီးကိုကြည့်ရှု၍ လွတ်လပ်လဟာဖြစ်၏။ မိုဃ်းကောင်ကင်ကိုလည်း ငါကြည့်ရှု၍ အလင်းမရှိ။
တောင်တို့ကိုလည်း ငါကြည့်ရှု၍၊ သူတို့နှင့် တကွ ကုန်းရှိသမျှတို့သည် တုန်လှုပ်လျက်နေကြ၏။
ငါကြည့်ရှု၍ လူမရှိ။ မိုဃ်းကောင်ကင်ငှက်အပေါင်းတို့သည် ပြေးကြပြီ။
ငါကြည့်ရှု၍ ဝပြောသောပြည်သည် တောဖြစ်လေပြီ။ မြို့များတို့သည်
ပြိုပျက်လျက်ရှိကြ၏။ ထာဝရဘုရားရှေ့၊ ပြင်းစွာသောအမျက်တော်ရှေ့၌
ထိုသို့သောအခြင်းအရာ တို့သည် ဖြစ်ရကြ၏။
ယေရမိအနာဂတ္တိကျမ်း ၄း ၂၃-၂၆
၁၇။ဗာဗုလုန်မြို့ကြီး အဘယ်သို့ဖြစ်သွားမည်သနည်း
မြို့ကြီးသည် သုံးဖြာကွဲပြား၍ လူအမျိုးမျိုးနေသောမြို့တို့သည်
ပြိုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာ သောဒေါသအမျက်တော်၏
စပျစ်ရည်ဖလားကိုတိုက်ခြင်းငှါ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏။
ကျွန်းရှိသမျှ တို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၆း၁၉
၁၈။ဘုရားသခင်သည် ဘေးဒဏ်ကြီးကျရော ဘုရားသခင်၏လူမျိုးတို့အဘယ်သို့သော်ကတိတော်
ရှိသနည်း
သင်၌ မကောင်းသော အနိဌရုပ်မကပ်မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။
သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေခြင်းငှာ၊ ကောင်းကင်တမန်တို့အား သင့်အဘို့ မှာထားတော်မူသည်ဖြစ်၍၊ ဆာလံကျမ်း အခန်းကြီး ၉၁း၁၀-၁၁
၁၉။ သမ္မာကျမ်းစာ အသစ်သွန်းသောသူ၏အပေါ် အဘယ်သို့သောဘေဒဏ်သက်တော်မူသနည်း
ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား
ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌
ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂း ၁၈


No comments:
Post a Comment